ဘယ်အဖွဲ့အစည်းလက်ချက်လဲဆိုတာကိုတော့ မသိရသေးပါဘူး။

ယူကရိန်းစေ့စပ်ညှိနှိုင်းရေးမှူးတွေနဲ့အတူ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးစကားပြောဆိုခဲ့တဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ဟာ အဆိုပါပုဂ္ဂိုလ်တွေနဲ့အတူ အဆိပ်သင့်တယ်လို့ ယူဆရတဲ့ ပြသနာကို ရင်ဆိုင်ခဲ့ရပါတယ်။ ယူကရိန်းစေ့စပ်ညှိနှိုင်းရေးမှူးတွေနဲ့ အေဘရာမိုဗစ်တို့ဟာ မျက်နှာနဲ့ အရေပြားတွေမှာ အဆိပ်သင့်တဲ့လက္ခဏာတွေဖြစ်ပေါ်ခဲ့သလို ယာယီအားဖြင့်လည်း မျက်စိကွယ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အေဘရာမိုဗစ်ရဲ့ ကိုယ်စားလှယ်တဦးက ဒီသတင်းကို အတည်ပြုခဲ့တာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခဲ့ငြင်းဆန်ခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းက ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးသမားတဦးအနေနဲ့ အေဘရာမိုဗစ်က ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

မတ်လ ၃ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးအပြီး မိုဗစ်နဲ့အတူ ယူကရိန်းပုဂ္ဂိုလ် ၂ ဦးဆီမျာ အဆိပ်သင့်တဲ့ လက္ခဏာတွေပြသခဲ့တာဖြစ်ပါတယ်။ မျက်လုံးတွေနီရဲလာခဲ့ကာ မျက်စိတွေနာကျင်ခဲ့ပြီး မျက်နှာနဲ့ လက်က အရေပြားတွေကလည်း နီရဲခဲ့တယ်လို့ Wall Street Journal ကဆိုပါတယ်။ သူတို့ ၃ ဦစလုံးဟာ ရောဂါလက္ခဏာမပေါ်ခင်မှာ ချောကလက်နဲ့ ရေကိုသာ စားသုံးခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

အဲဒီနောက်မှာ ရောဂါလက္ခဏာတွေပြသနေတဲ့ကြားက မိုဗစ်က သူ့ရဲ့ မူလခရီးစဉ်ဖြစ်တဲ့ ပိုလန်ကို ဆက်လက်ထွက်သွားခဲ့ပြီး အဲဒီကမှတဆင့် တူရကီ၊ အစ္စတန်ဘူလ်ကို ထပ်မံသွားခဲ့တယ်လို့ သိရပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်မပြုလုပ်ခင်မှာ အဆိုပါဝေဒနာတွေပျောက်ကင်းအောင် ကုသမှုခံယူခဲ့ရပြီး ဒီအဖြစ်အပျက်နဲ့ပတ်သက်ကာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေဆဲလို့ သိရပါတယ်။ 

ဓာတုလက်နက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ ပြောဆိုမှုအရဆိုရင် သူတို့ကို စစ်ဆေးခဲ့စဉ်မှာ ဖော်ပြထားခြင်းမရှိတဲ့ ဓာတုလက်နက်နဲ့ ရည်ရွယ်ချက်ရှိရှိ အဆိပ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းက ပြုလုပ်တာလဲဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး မိုဗစ်အတွက်တော့ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အနေအထားတွေရှိလာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က