တကယ်ကိုလှပတဲ့ကန်ချက်ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အတွက် ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ဘူကာယိုဆာကာက အင်္ဂလန်အတွက်လည်း ခြေစွမ်းပြနေပါတယ်။ ယူကရိန်းနဲ့ ကစားခဲ့တဲ့ မနေ့ညကပွဲမှာ ဆာကာက ဟယ်ရီကိန်းရဲ့ အဖွင့်ဂိုးအတွက် ဖန်တီးပေးခဲ့သလို ၃ မိနစ်အကြာမှာပဲ သူ ကိုယ်တိုင် လှပတဲ့သွင်းဂိုးတဂိုးကို ရယူနိုင်ခဲ့ပြီး အားလုံးရဲ့ ချီးကျူးမှုတ​ွေကိုပါ သိမ်းပိုက်သွားခဲ့ပါတယ်။ 

အခုဆိုရင် သူက အင်္ဂလန်အတွက် ၈ ဂိုးအထိ သွင်းယူပေးထားပြီးပါပြီ။ အသက် ၂၁ နှစ်သာရှိသ​ေးတဲ့ ဆာကာက အာဆင်နယ်အတွက်လည်း ဒီရာသီမှာ ၃၈ ပွဲကစားပြီး ၁၃ ဂိုးသွ်ငးပေးထားကာ ဖန်တိးမှုတွေလည်း အများအပြားလုပ်ထားနိုင်ပါတယ်။ အာဆင်နယ်တိုက်စစ်ပိုင်းမှာ သူက မရှိမဖြစ်ကစားသမားဖြစ်နေတာပါ။ 



ယူကရိန်းဂိုးဧရိယာအပြင်ဘက်မှာ ဆာကာက ဟန်ဒါဆန်ရဲ့ ပေးပို့မှုကို လက်ခံရယူပြီးနောက် သူ့ကို ကပ်ကစားနေတဲ့ ယူကရိန်းကစားသမားကို တချက်လှည့်ထွက်ပြီး ဘယ်ခြေနဲ့ ဂိုးသမားရဲ့ ညာဘက်အပေါ်ထောင့်ထဲကို ကန်ထည့်သွားခဲ့တာပါ။ တကယ်ကိုလှပပြီး တိကျတဲ့ ကန်ချက်ဖြစ်ကာ ဂိုးသွင်းအပြီးမှာ သူက အွန်နရီရဲ့ အလံတိုင်ကိုင်အောင်ပွဲခံဟန်ကိုလည်း လုပ်သွားခဲ့ပါတယ်။ 

အာဆင်နယ်နဲ့ အင်္ဂလန်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ၃၄ ပွဲမှာ ဆာကာက ၂၃ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး ၁၆ ဂိုးသွင်းကာ ၇ ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။ ၂၁ နှစ်အရွယ် ကစားသမားတဦးအတွက် ဒါက ကြီးမားတဲ့စွမ်းဆောင်မှုတခုဖြစ်ပြီး သူ့ရဲ့ မနေ့ညက ခြေစွမ်းက အားလုံးကို ရင်သပ်ရှုမောဖွယ်ရာဖြစ်စေခဲ့တာတော့ အမှန်ပါပဲ။ 

Share

Loading Next Article...
က္က