Lock Profile စနစ် ဖွင့်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး

ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းက လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ အကောင့်လုံခြုံရေးအတွက် Facebook က Profile Lock ချခွင့် ပြုထားကြောင်း ကြေညာပါတယ်။ 

ယူကရိန်း Facebook အကောင့်ပိုင်ရှင်တွေရဲ့ ကိုယ်ရေးအချက်အလက်ဘေးကင်းလုံခြုံရေးအတွက် Facebook ရဲ့ Security Team က Lock Profile Tool ကို ဖွင့်ပေးထားတာလို့ Engadget သတင်းက ဖော်ပြပါတယ်။ ကုမ္ပဏီအနေနဲ့ ယူကရိန်းနိုင်ငံအတွင်းက ဖြစ်စဉ်တွေကို အနီးကပ်စောင့်ကြည့်ဖို့အတွက်လည်း အထူးအော်ပရေးရှင်းစင်တာတစ်ခု ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ 



Photo: Engadget

Lock Profile စနစ်က Click တစ်ချက်နဲ့တင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုစနစ်တွေ ရယူနိုင်မယ့် Tool ဖြစ်တယ်လို့ Meta ရဲ့ လုံခြုံရေးမူဝါဒရေးရာ အကြီးအကဲ နသန်နီယယ် ဂလိုင်ချာက ဆိုပါတယ်။ 

"သူတို့ရဲ့ Profile ကို Lock ခတ်ထားမယ်ဆိုရင် သူငယ်ချင်းမဟုတ်တဲ့ အပြင်လူတွေက အဲ့ဒီ Profile Lock လုပ်ထားတဲ့ လူမှုကွန်ရက်သုံးသူရဲ့ Timeline ပေါ်က ပို့စ်တွေ မြင်နိုင်မှာ မဟုတ်သလို သူတို့ရဲ့ ပရိုဖိုင်ပုံတွေ မျှဝေတာ ၊ ဒေါင်းလုပ်ဆွဲတာမျိုးလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး" လို့ ဂလိုင်ချာက ပြောပါတယ်။ 

Lock Profile Tool ဟာ ပစ်မှတ်ထားခံရဖို့ အန္တရာယ်ပိုမြင့်မားတဲ့ ဂျာနယ်လစ်တွေ ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တခြားသူတွေအတွက် အထောက်အကူဖြစ်စေမယ်လို့လည်း ကုမ္ပဏီက မှတ်ချက်ချပါတယ်။ Lock Profile ဖွင့်ဖို့အတွက် မိုဘိုင်းလ် App နဲ့ဆို ကိုယ့် Profile ထဲက နာမည်အောက် Edit Profile ဘေးက More ထဲကနေ Lock Profile ကို သွားပြီး ကိုယ့် ပရိုဖိုင်ကို အပြင်လူတွေ မသိအောင် Lock ချရတာ ဖြစ်ပါတယ်။ 

Facebook အတွက် အခုလိုမျိုး သုံးစွဲသူအကောင့် Privacy အတွက် Profile တွေ Lock ချတဲ့စနစ် ခွင့်ပြုတာ ဒီတစ်ကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က ဘေးမကင်းတဲ့နိုင်ငံနဲ့ ဒေသက Facebook သုံးစွဲသူတွေအတွက် ဒီ Feature ဖွင့်ပေးထားပြီး မကြာသေးခင်ကပဲ အမေရိကန်တပ်တွေ ထွက်ခွာသွားတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ Lock Profile tool ကို ဖွင့်ပေးခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က