သူ့ ဇာတိနိုင်ငံအတွက် ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ ယူကရိန်းတိုက်စစ်ကစားသမားယာမိုလန်ကိုဟာ မိခင်နိုင်ငံမှာ ရုရှားတို့ရဲ့တိုက်ခိုက်မှုကို ခုခံနေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် ပေါင် ၇၅၀၀၀ အထိ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းလက်ရွေးစင်အသင်းအတွက် တတိယမြောက်ပွဲအများဆုံးကစားထားသူဖြစ်တဲ့ ယာမိုလန်ကိုက အရေးကြုံလာချိန်မှာ သူ တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံအတွက် ကူညီပေးလိုက်တာလည်းဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူကရိန်းသားကို ပြီးခဲ့တဲ့ ၀ုလ်ဗ်နဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းဖော်တွေက အားပေးထောက်ခံမှုတွေ ပြုလုပ်ပြသခဲ့ကြပြီး သူ့နာမည်ပါအကျီကို ပွဲမတိုင်ခင်လေ့ကျင့်ခန်းဆင်းနေချိန်မှာ ဝတ်ဆင်ခဲ့ကြပါတယ်။ ပွဲချိန်အတွင်းမှာလည်း ပွဲကြည့်စင်ပေါ်မှာ ယူကရိန်းအလံတွေကို ဝှေ့ယမ်းကာ ပရိသတ်တွေက အားပေးခဲ့ကြပြီး ပရီးမီးယားလိဂ်မှာ ယူကရိန်းကို အားပေးမှုတွေ တော်တော်လေးများပြးာခဲ့ပါတယ်။ 

ယာမိုလန်ကိုရဲ့ လှူဒါန်းမှုသတင်းကို @ZoryaLondonsk လို့ အမည်ရတဲ့ တွစ်တာအကောင့်က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါတွစ်တာအကောင့်က ယူကရိန်းသတင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြပေးနေတာဖြစ်ပြီး ယာမိုလန်ကိုက ယူကရိန်းငွေ ၃ သန်း (ပေါင် ၇၅၀၀၀) အထိ လှူဒါန်းခဲ့တယ်လို့ ရေးသားပြောဆိုထားခဲ့တာလည်းဖြစ်ပါတယ်။ 

ယာမိုလန်ကိုဟာ ရုရှားမှာ ယူကရိန်းမိဘတွေက မွေးဖွားခဲ့သူလည်းဖြစ်ပါတယ်။ သူ့ကိုမွေးဖွားပြီးနောက်မှာမှ မိဘတွေက ယူကရိန်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ မှာ ဒေါ့မွန်ကနေ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ခြေစွမ်းကောင်းအချို့ကို ပြသနိုင်ခဲ့တဲ့ ယာမိုလန်ကိုဟာ ဝက်စ်ဟမ်းမှာ တပတ်လုပ်ခ ပေါင် ၁၁၅၀၀၀ အထိရရှိနေသူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က