Plan A ကတော့ IT Infra တွေကို ပြည်တွင်းမှာပဲ ကာကွယ်ရမယ်လို့ ဆိုပါတယ်

အရေးကြီးထိပ်တန်းအချက်အလက်တွေ ရုရှားလက်ထဲ မရောက်ဖို့ ယူကရိန်းအာဏာပိုင်တွေဟာ ဒေတာနဲ့ ဆာဗာတွေကို တခြားနိုင်ငံကို ရွှေ့ထားဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

နိုင်ငံရဲ့အစိုးရ ထိပ်တန်းလျှို့ဝှက်ချက်အချက်အလက်တွေကို ရုရှားဘက်က ခိုးယူမှာ စိုးရိမ်ချက်ကြောင့် အခုလို အချက်အလက်နဲ့ ဆာဗာတွေကို တခြားနိုင်ငံဆီ ပြောင်းရွှေ့ထားဖို့ ပြင်ဆင်နေပြီလို့ Reuters သတင်းက ဖော်ပြပါတယ်။ ယူကရိန်းနိုင်ငံ အထူးဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ကာကွယ်ရေး ပြည်ထောင်စုအဆင့် လက်ထောက်အကြီးအကဲ ဗစ်တာ ဇိုရာက သူ့ဌာနအနေနဲ့ နောက်ဖြစ်လာနိုင်ခြေရှိတဲ့အနေအထားအတွက် အစီအစဉ်ဆွဲထားတယ်လို့ ဆိုပါတယ်။ 





ယူကရိန်းရဲ့ အရေးကြီးတဲ့ အစိုးရစာရွက်စာတမ်းတွေကို ရုရှားတို့ သိမ်းပိုက်သွားနိုင်တဲ့ ခြိမ်းခြောက်မှုအတွက် အဆင်သင့် တုံ့ပြန်နိုင်အောင် အကြံပြုချက်အားလုံးကိုလည်း ထည့်သွင်းစဉ်းစားထားတာလို့လည်း ပြောပါတယ်။ 


"အစီအစဉ် ချောမွေ့ဖို့အရေး ပြင်ဆင်နေပါတယ်။" လို့ ဇိုရာက ပြောပါတယ်။ Plan A ကတော့ အိုင်တီအခြေခံအဆောက်အဦတွေကို ယူကရိန်းနိုင်ငံအတွင်းမှာပဲ ကာကွယ်ဖို့ ဖြစ်ပြီး တခြားနိုင်ငံတခုခုဆီ ပြောင်းရွှေ့ဖို့က Plan B ဒါမှမဟုတ် C ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အရေးကြီး ဒေတာနဲ့ ဆာဗာတွေကို နိုင်ငံရပ်ခြားပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်က ယူကရိန်းဥပဒေု လွှတ်တော်အမတ်တွေကနေ ဥပဒေအပြောင်းအလဲ လုပ်ဖို့ အတည်ပြုပြီးမှ ဖြစ်လာနိုင်တယ်လို့ ဇိုရာက ပြောပါတယ်။ 


ယူကရိန်းဟာ အိမ်နီးခြင်းနိုင်ငံဆီက ဆိုက်ဘာတိုက်ခိုက်မှုဒဏ် ပြင်းပြင်းထန်ထန် ထိတွေ့နေရတဲ့မှတ်တမ်းရှိပါတယ်။ ပြီးခဲ့တဲ့လထဲမှာပဲ ယူကရိန်း စစ်တပ်နဲ့ စွမ်းအင်ကွန်ရက်ထဲ ဆိုက်ဘာထိုးဖောက်မှု ရှိခဲ့သလို ၂၀၁၄ ယူကရိန်းရွေးကောက်ပွဲမှာလည်း ရုရှားဖက်က ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းဓါတ်အားလိုင်းတွေကို ပုံမှန်ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့ရာကနေ ရက်ပေါင်းများစွာကြာအောင် မီးပြတ်တောက်မှုလည်း ဖြစ်ခဲ့ပါတယ်။ 



ကရိုင်းမီးယားကို ရုရှားတို့ သိမ်းပိုက်လာပြီးနောက် လုံခြုံရေးအရ စိုးရိမ်လာတဲ့ ယူကရိန်းအစိုးရဟာ တင်ကြိုကာကွယ်တဲ့အနေနဲ့ မြို့တော်ကိဗ်က အစိုးရပိုင် ကွန်ပျူတာစနစ်တွေကို ပြောင်းရွှေ့ခဲ့ပါတယ်။ ယူကရိန်းဆိုက်ဘာအသင်းတွေအနေနဲ့လည်း ကွန်ရက်တွေ တခြားလက်ထဲ ပါသွားပြီး ထိန်းချုပ်ခံရပြီ ဆိုတာနဲ့ Back-ups ဖိုင်တွေ လွှဲပြောင်းဖို့နဲ့ အခြေခံ Infrastructure တွေ သုံးမရအောင် ပိတ်ဖို့ အစီအစဉ်ချထားတယ်လို့လည်း ဆိုပါတယ်။ 


ယူကရိန်းအစိုးရရဲ့ ဒေတာ နဲ့ ဆာဗာတွေကို လာရွှေ့ထားဖို့ ကမ်းလှမ်းတဲ့ နိုင်ငံတွေ အများအပြား ရှိနေပြီး တကယ်လို့ ရွှေ့ဖြစ်မယ်ဆိုရင် ဥရောပဒေသတစ်ခုခုမှာ ထားဖြစ်ဖို့ ပိုများတယ်လို့လည်း ဇိုရာက ပြောပါတယ်။ ယူကရိန်းအာဏာပိုင်တွေအနေနဲ့ ရုရှားတို့ လက်လှမ်းမမှီအောင် ပိုစိတ်ချရတဲ့ နေရာမှာ ပစ္စည်းတွေနဲ့ Backups ဒေတာတွေ ပို့ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း ယူကရိန်ရဲ့ အရေးအကြီးဆုံးအချက်အလက်တွေ ထားရာ မြို့တော်ကိဗ်ကို ရုရှားတပ်တွေ ဝိုင်းထားပြီး ဖြစ်သလို ရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေလုပ်လာနိုင်တဲ့အပေါ် စိုးရိမ်ချက်တွေ တသီကြီး ရှိနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က