တန်ဟက်ခ်လက်ထက်မှာ (၂၁) ဂဏန်းနဲ့ပတ်သက်လို့ ပြောစရာတွေရှိနေတာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်လက်ထက်မှာ ယူနိုက်တက်တို့ (၂၁) ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ့် အရိပ်အယောင်တွေ၊ ရှေ့ပြေးလက္ခဏာတွေရှိနေပြီလို့ ပရိသတ်တွေက ဟောကိန်းထုတ်နေကြပါတယ်။ ယူနိုက်တက်ဟာ သူတို့အတွက် နောက်ဆုံးသော ပရီးမီးယားလိဂ်ဖလားကို ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီမှာ ဆွတ်ခူးခဲ့တာပါ။



အဲ့ဒီနောက်ပိုင်း ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အသာထားဦး၊ ထိပ်သီးလေးသင်းဝင်ဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ယူနိုက်တက်တို့ အဆင့် (၆) နေရာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်သာရရှိခဲ့ပါတယ်။ အခု နည်းပြသစ် တန်ဟက်ခ်လက်ထက်မှာတော့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးမယ့် တိုက်ဆိုင်မှုတွေရှိနေပြီလို့ ပရိသတ်တွေကဆိုပါတယ်။

တွစ်တာပေါ်က ပရိသတ်တွေက ယူနိုက်တက်ဟာ ကျောနံပါတ် (၂၁) ဝတ်ဆင်ခဲ့တဲ့ ဖရန်ကီဒီဂျောင်၊ အဲရစ်ဆင် နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအထဲမှာ အဲရစ်ဆင်နဲ့ လီဆန်ဒရိုနှစ်ယောက်က သေချာသွားပြီး ဒီဂျောင်အတွက်လည်း အချိန်အတိုင်းအတာတခုသာ စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

ဒီ သုံးယောက်လုံးက ဘာစီလိုနာ၊ ဘရန့်ဖို့ဒ်နဲ့အေဂျက်စ်တို့မှာ ကျောနံပါတ် (၂၁) တွေကို ကိုယ်စီဝတ်ဆင်ခဲ့ကြတာပါ။ ဒါ့အပြင် အဲရစ်တန်ဟက်ခ်ကို ယူနိုက်တက်နည်းပြအဖြစ် တရားဝင်ကြေညာခဲ့တဲ့နေ့ရက်ကလည်း တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဧပြီ (၂၁) ဖြစ်ခဲ့ပါတယ်။ ဒီအချက်တွေအပေါ်မှာ အခြေခံပြီး ယူနိုက်တက်တို့ (၂၁) ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားအတွက် ရှေ့ပြေးလက္ခဏာတွေ ပေါ်ပေါက်နေပြီလို့ ပရိသတ်တွေကဆိုနေကြတာပါ။



တန်ဟက်ခ်လက်ထက် ယူနိုက်တက်ဟာ တိုးတက်မှုတွေရှိလာခဲ့ပြီး လက်ရှိရာသီကြိုပွဲစဥ်တွေမှာ ပုံစံကောင်းတွေပြသနေပါတယ်။ လီဗာပူး၊ မဲလ်ဘုန်းဗစ်ထရီတို့နဲ့ပွဲမှာ တပွဲလေးဂိုးစီသွင်းယူခဲ့ပြီး နိုင်ပွဲတွေလည်း ရယူခဲ့သလို ကစားသမားတယောက်ချင်းစီမှာလည်း တိုးတက်မှုတွေရှိလာတယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။ 

Share

Loading Next Article...
က္က