ယူနိုက်တက်က အုပ်စုနောက်ဆုံးကို ရောက်ရှိနေပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ဒီဒီဟာမန်းက ယူနိုက်တက်တို့ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ခွာရမယ်လို့ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ ကိုပင်ဟေဂင်ကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။



အဲ့ဒါကြောင့်လည်း ချန်ပီယံလိဂ်အုပ်စု (၄) ပွဲကစားပြီးချိန်မှာ (၃) မှတ်သာ ရရှိထားပြီး နောက်တစ်ဆင့်အတွက် ရုန်းကန်ရတော့မှာပါ။ ယူနိုက်တက်ဟာ ဂါလာတာစာရေး၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။
လက်ရှိ ယူနိုက်တက်ရဲ့ ခြေစွမ်းအရတော့ အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်တော့ဘဲ ယူရိုပါလိဂ်ဝင်ခွင့်ကသာ သူတို့အတွက် အမြင့်ဆုံးမျှော်လင့်ချက်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ယူနိုက်တက်က အုပ်စု နောက်ဆုံးနေရာမှာသာ ရပ်တည်နေတာပါ။
ဒီဒီဟာမန်းက “ယူနိုက်တက်တို့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ကျွတ်လွတ်နိုင်မယ်မထင်ပါဘူး။ ဒီအသင်းမှာ ဖြစ်ပျက်နေတာတွေက တကယ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒါက သူတို့ရဲ့ အရင်အရိပ်မည်းကြီး လိုက်နေသလိုမျိုးပါပဲ။ ကွင်းကြီးက ပြိုလဲနေပြီ”
“အသင်းကလည်း ဘာတန်ဖိုးမှမရှိတော့ပါဘူး။ ဒီတော့ ပရိသတ်တွေအတွက်ပဲ ဝမ်းနည်းနိုင်ပါတော့တယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အုပ်စုတက်ဖို့အတွက်ဆိုရင် လက်ကျန်နှစ်ပွဲစလုံးကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

Share

Loading Next Article...
က္က