နယူးကာဆယ်နဲ့ယူနိုက်တက်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဂျေဆင်ကန်ဒီကပြောကြားခဲ့တာပါ။

Talksport ရဲ့ အစီအစဥ်တင်ဆက်သူ ဂျေဆင်ကာဒီက လက်ရှိ ယူနိုက်တက်ရဲ့ အနေအထားက ဆိုးရွားနေပြီး ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလား ပြန်မရခင်မှာ နယူးကာဆယ်က ပရီးမီးယားလိဂ်ဖလား ရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ (၂၀၁၃) မှာ ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်းမရှိတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်ပုံမှန်ရဖို့တောင် တော်တော်လေး ရုန်းကန်နေရပါတယ်။



 

နယူးကာဆယ်ဟာ လက်ရှိဘောလုံးရာသီအတွင်းမှာ ဆော်ဒီမင်းသား ဘင်ဆာလ်မန်ရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ဆောင်းရာသီ အပြောင်းအရွှေ့မှာ ထရစ်ပီယာ၊ ဂွီမာရေးစ်၊ ဒန်ဘန်းနဲ့ ခရစ္စဝုဒ်တို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက် အဲဗာတန်၊ အက်စတွန်ဗီလာတို့ကို အနိုင်ယူနိုင်ခဲ့ပါတယ်။

 

အဲ့ဒါကြောင့်လည်း ဂျေဆင်ကန်ဒီက လာမယ့်အနာဂတ်မှာ နယူးကာဆယ်နဲ့ယူနိုက်တက် ဘယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံအရင်ဖြစ်နိုင်မလဲ ဆိုတဲ့ မေးခွန်းအပေါ် အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဂျေဆင်ကန်ဒီက “ကျနော်ကတော့ နယူးကာဆယ်ပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်”

 

“ဒါကို ကျနော် အရိုးသားဆုံး ပြောတာပါ။ မန်စီးတီးကိုကြည့်လိုက်ပါ။ သူတို့က ပေါင်သန်းနဲ့ချီ အသုံးပြုခဲ့ပြီး ချဲလ်ဆီးကလည်း ပေါင်သန်းနဲ့ချီကို ဘယ်လိုမျိုးအသုံးပြုခဲ့လဲ ခင်ဗျားတို့မြင်ပါလိမ့်မယ်။ ဒီနှစ်သင်းလုံးက ပိုက်ဆံရှာဖို့ မရည်ရွယ်ခဲ့ပါဘူး။ သူတို့က ပိုက်ဆံအကြောင်း မစိုးရိမ်ခဲ့ဘဲ အောင်မြင်မှုမရဖို့အတွက်ပဲ စိတ်ပူခဲ့ပါတယ်”

 

“ယူနိုက်တက်ကရော အခု ဘာလုပ်နေလဲ? သူတို့အတွက် လတ်တလော ဦးစားပေးကိစ္စက ဆုဖလားတွေမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဒီရာသီမှာ တန်းမဆင်းရရေးကို ဦးစားပေး ရုန်းကန်ရမှာဖြစ်ပြီး များမကြာခင် အနာဂတ်မှာတော့ ပရီးမီးယားလိဂ်ဖလားကို သေချာပေါက် ပစ်မှတ်ထားလာနိုင်ပါတယ်။ 

Share

က္က