အဲရစ်ဆင်က ယူနိုက်တက်နဲ့ ပထမဆုံးပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဝရက်စ်ဟမ်းတို့ရဲ့ ရာသီကြိုတံခါးပိတ်ခြေစမ်းပွဲမှာ အဲရစ်ဆင်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့က ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ယူနိုက်တက်က ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲကို အစပိုင်းမှာ လူငယ်အသင်းတွေပဲ ကစားမယ်လို့ စီစဥ်ခဲ့ပေမယ့် တန်ဟက်ခ်က ပထမအသင်းက ကစားသမားတွေကို ပွဲကစားချိန်ပိုမိုရရှိစေလိုတာကြောင့် စီနီယာ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။



ဒီပွဲရဲ့ ပထမပိုင်းမှာတင် အဲရစ်ဆင်က ယူနိုက်တက်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီသွင်းဂိုးက သူ့ရဲ့ပုံစံဖြစ်တဲ့ ဖရီးကစ်ကနေ သွင်းယူခဲ့တဲ့သွင်းဂိုးဖြစ်ကြောင်း သိရှိရပါတယ်။ ပထမပိုင်းမှာတော့ ယူနိုက်တက်နဲ့ ဝရက်စ်ဟမ်းတို့ တဖက်တဂိုးစီ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကို ဒီယာလို၊ ဂါနာချိုနဲ့ အဲလက်စ်တဲလက်စ်တို့က သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ၄-၁ ဂိုးဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့တာပါ။ ဒါ့အပြင် ဒီပွဲမှာ ဝရက်စ်ဟမ်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ နောက်ခံလူ အာရွန်ဟေဒင်ကလည်း ဂိုးသွင်းပြီးတဲ့နောက် ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန် “Siu” နဲ့ အောင်ပွဲခံခဲ့ပါတယ်။

ကာရင်တန်မှာ ကစားခဲ့တဲ့ ဒီပွဲကို ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက လာရောက်ကြည့်ရှုခဲ့ပြီး ဝရက်စ်ဟမ်း ကစားသမားတွေအတွက် ကျေနပ်လောက်စရာ အခိုက်အတန့်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲအပြီးမှာလည်း ယူနိုက်တက်ဂိုးသမား ဒီဂီယာက ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆင်၊ လီဆန်ဒရိုနဲ့တွဲရိုက်ထားတဲ့ပုံကို တွစ်တာမှာတင်ပြီး ယူနိုက်တက်ကနေ ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က