ဒီနေ့မှာပဲ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဆိုတာကို ကြေညာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့နာမည်ကျော်တိုက်စစ်မှူးဟောင်းရော်နယ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာခဲ့ပြီဖြစ်ပါတယ်။ နှစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးခွင့်ပါရှိတယ်လို့ ဖော်ပြခဲ့ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အသင်းနဲ့ပူးပေါင်းနိုင်တော့မှာဖြစ်ပါတယ်။


ဘလွန်းဒီအောဆုငါးကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ အဓိကဆုဖလားပေါင်း ၃၀ ကျော်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားငါးလုံး၊ ကလပ်ကမ္ဘာ့ဖလား ၄လုံး၊ အင်္ဂလန်၊ စပိန်နဲ့ အီတလီတို့မှာ အမှတ်ပေးဖလား ၇ လုံးပါဝင်ပါတယ်။ မတူညီတဲ့ ဥရောပထိပ်တန်းလိဂ် ၃ ခုမှာ အမှတ်ပေးဖလားကို ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူလို့လည်း ယူနိုက်တက်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။


ယူနိုက်တက်နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ်မှာ ရော်နယ်ဒိုက "မန်ချက်စတာယူနိုက်တက်က ကျွန်တော့်နှလုံးသားတွေမှာ အထူးနေရာတစ်ခုအမြဲတမ်းရှိခဲ့တဲ့ အသင်းပါ၊ သောကြာနေ့မှာ ကြေညာချက်ထုတ်ပြီးကတည်း ကျွန်တော့်ဆီကို မက်ဆေ့ချ်တွေအများအပြားရောက်ရှိခဲ့ပါတယ်၊ ပရိသတ်တွေအပြည့်ရှိနေတဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ကစားဖို့ ကျွန်တော်မစောင့်ဆိုင်းနိုင်တော့သလို ပရိသတ်တွေနဲ့ ပြန်တွေ့ဖို့ကိုလည်း မစောင့်နိုင်တော့ပါဘူး"


"နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အသင်းနဲ့ပူးပေါင်းဖို့ကို ကျွန်တော်မျှော်လင့်ထားပြီး အောင်မြင်မှုအကြီးကြီးတွေရရှိမယ့် ရာသီတစ်ခုဖြစ်လာမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဆေးစစ်မှုတွေကို ပေါ်တူဂီမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းပွဲစဉ်တွေအတွက် လက်ရှိမှာ လေ့ကျင့်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က