ယူနိုက်တက်ကစားသမားဟောင်းကြီးက သူ့ရဲ့ နာမည်ကျော်ကန်သွင်းဟန်ကို ပိုင်နိုင်နေတုန်းပါပဲ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ပေါလ်စခိုးကတော့ မနေ့က အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ရန်ပုံငွေဘောလုံးပွဲမှာ သူ့ရဲ့ နာမည်ကျော် ၁၈ ကိုက်စည်းထိပ် ကန်ချက်နဲ့ ဂိုးရယူနိုင်ခဲ့ပြီး ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။ အသက် ၄၈ နှစ်အရွယ် ပေါလ်စခိုးက ပွဲကစားချိန် ၅၃ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ဟောင်းနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတို့ ကစားခဲ့ကြတာပါ။ အင်္ဂလန်တို့ တိုက်စစ်ဆင်လာခဲ့ပြီးနောက် ဘောလုံးက ပြန်လျှံထွက်လာတာကို ၁၈ ကိုက်စည်းထိပ်မှာ ရှိနေတဲ့ ပေါလ်စခိုးက သူ့ရဲ့နာမည်ကျော်ကန်သွင်းဟန်အတိုင်း ကန်သွင်းယူသွားခဲ့ပါ။ တော်တော်လေးကို လှပခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမှာ အဆိုပါကန်ချက်နဲ့ ဂိုးသွင်းပြီး ယူနိုက်တက်အတွက် တလုံးတည်းသောအနိုင်ဂိုးပါ ဖြစ်ခဲ့ဖူးပါသေးတယ်။ 



ယူနိုက်တက်ကစားသမားဘ၀မှာ ပေါလ်စခိုးက သူ့ရဲ့ သွင်းဂိုးအများစုကို အဆိုပါကန်သွင်းချက်နဲ့ ရယူခဲ့တာပါ။ ၁၈ ကိုက်စည်းထိပ်ကန်ချက်မှာ သူ့ကို လိုက်မီတဲ့ကစားသမားမရှိဘူးလို့တောင် ဆိုစမှတ်ပြုရတဲ့အထိ ထူးချွန်ခဲ့ပြီး ပြင်းထန်အားပါတဲ့ ကန်ချက်တွေက ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။ 

ပရိသတ်တွေကတော့ "ပေါလ်စခိုးက လုပ်ပြနေနိုင်တုန်းပဲ" ၊ "တန်ဟက်ဂျ်အနေနဲ့ သူ့ကို ပြန်ခေါ်သင့်တယ်" ၊ "စခိုးလ်ရဲ့ အကောင်းဆုံးကန်ချက်ပဲ၊ ဒါကိုမြင်ရတာ သဘောကျလိုက်တာကွာ" စသဖြင့် ရေးသားချီးကျူးခဲ့ကြပြီး အင်္ဂလန်သားကြီးကို ဂုဏ်ပြုခဲ့ကြပါတယ်။ ပေါလ်စခိုးဟာ ကစာသးမားဘ၀နေ အနားယူခဲ့ပြီးနောက် ယူနိုက်တက်နည်းပြဖာဂူဆန်က အသင်းအတွက် ပြန်လည်ကစားပေးဖို့ တောင်းဆိုတာကြောင့် ပြန်လည်ကစားပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က