သူ့ဖခင်လိုပဲ ယူနိုက်တက်မှာ အောင်မြင်မလား စောင့်ကြည့်ရတော့မှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်နီရဲ့ သားဖြစ်သူ ကိုင်ရွန်နီက လာမယ့် ၁၀ နှစ်လောက်မှာ သူ ယူနိုက်တက်အတွက် ကစားပေးနေရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ကိုင်ရွန်နီဟာ ယူနိုက်တက်အကယ်ဒမီမှာ တက်ရောက်နေတာဖြစ်ပြီး လူငယ်အသင်းမှာ ခြေစွမ်းပြနေကာ ဖခင်ခြေရာကို နင်းနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူဖြစ်ပါတယ်။ 

ဝိန်းရွန်နီကလည်း သူ့ရဲ့ သားဖြစ်သူကို ယူနိုက်တက်နဲ့ စာချုပ်ချုပ်စေခဲ့ပြီး သူ့လိုပဲ အိုးထရက်ဖို့ဒ်မှာ ထင်ပေါ်ကျော်ကြားလာဖို့ကို တွန်းအားပေးနေတာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်တော့ သူတို့အသင်းခေါင်းဆောင်ဟောင်းဖြစ်သူရဲ့ မျိုးဆက်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ကိုင် နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာကောင်းနေတာ အမှန်ပါပဲ။ 

"နောက် ၁၀ နှစ်လောက်နေရင် ကျနော် မန်ချက်စတာယူနိုက်တက်အတွက် ကစားနေရလောက်ပါပြီ၊ ကျနော်ကိုယ်တိုင်လည်းပဲ ကိုယ့်ကိုကိုယ် အဲဒီလိုဖြစ်ချင်မိတယ်၊ ဒါပေမယ့် အဲဒီလိုကစားနိုင်ဖို့အတွက်တော့ နောက်ကွယ်မှာ ကျနော် အလုပ်ကြိုးစားနေမှ ဖြစ်မှာပါ" လို့ ကိုင်ရွန်နီက ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက်ကို ဖွင့်ဟခဲ့ပါတယ်။ 

ကိုင်ရွန်နီဟာ အသက် ၁၂ နှစ်အရွယ်မှာပဲ နာမည်ကျော်အားကစားကုမ္ပဏီ Puma နဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုထားနိုင်ခဲ့ပြီး ယူနိုက်တက်လူငယ်အသင်းတွေမှာ ၅၆ ဂိုးအထိ သွင်းယူပေးထားပြီးပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။ ကိုင်ရွန်နီက အဲဗာတန်အသင်းကို နှစ်သက်အားပေးဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပြီး သူကစားမယ့်အသင်းကိုတော့ ယူနိုက်တက်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က