ရော်နယ်ဒိုနဲ့ပတ်သက်လို့ ချီးကျူးခဲ့တာပါ။

အာဆင်နယ်ဂန္တဝင် ကစားသမားဟောင်း ဝင်းတားဘန်းက ရော်နယ်ဒိုက လက်ရှိအချိန်ထိ ယူနိုက်တက်အတွက် ကြီးမားတဲ့ တန်ဖိုးတွေကို ပေးစွမ်းနိုင်ဆဲဖြစ်ကြောင်း၊ သူ့အတွက် အသက်ဆိုတာ ကိန်းဂဏန်းသပ်သပ်သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။



အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုဟာ လာမယ့်ရာသီ ယူနိုက်တက်ရဲ့ အဓိက,ကစားသမားအဖြစ် ဆက်ရှိနေဖို့ ရာခိုင်နှုန်းများနေပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဂျူဗင်တပ်စ်ကနေ တကျော့ပြန် ရောက်ရှိလာခဲ့တာဖြစ်ပြီး တရာသီအကြာမှာတင် ယူနိုက်တက်ကို ပြန်စွန့်ခွာဖို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ဒါပေမယ့် ရော်နယ်ဒိုကတော့ အသင်းမှာပဲဆက်ရှိပြီး ယူနိုက်တက်ကို အောင်မြင်တဲ့အသင်းတသင်း ပြန်ဖြစ်လာအောင် ကြိုးစားပေးဖို့ ဆန္ဒရှိနေပါတယ်။ ရော်နယ်ဒိုရဲ့တန်ဖိုးနဲ့ပတ်သက်လို့ အာဆင်နယ် ဂန္တဝင် ဝင်းတားဘန်းကလည်း အခုလိုပဲ ပြောလာပါတယ်။

ဝင်းတားဘန်းက “ယူနိုက်တက်က ရော်နယ်ဒိုကို တရာသီတည်းခေါ်ပြီး မြန်မြန်ဆန်ဆန် လက်လွှတ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူက ယူနိုက်တက်အတွက် ကြီးမားတဲ့ တန်ဖိုးတွေကို ပေးဆပ်နေဆဲပါ။ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကိုကြည့်ရင် သိပါတယ်။ သူ့အသက်က  သူ့အတွက်တော့ ကိန်းဂဏန်းသပ်သပ်ပါပဲ။ အတွေ့အကြုံလည်း အများကြီးရှိပါတယ်”

“ယူနိုက်တက်အနေနဲ့ လူငယ်တွေနဲ့ အထိုင်ချရင်တောင် ရော်နယ်ဒိုက အရေးပါတဲ့ ကဏ္ဍမှာ ကစားနိုင်ဆဲဖြစ်ပြီး ရှုံးရှုံး၊ နိုင်နိုင် ဒါက မပြောင်းလဲပါဘူး။ လေ့ကျင့်ရေးကွင်းမှာလည်း ရော်နယ်ဒိုက လူငယ်တွေကို ကူညီနိုင်ပါတယ်။ ရော်နယ်ဒို အခုထိ ယူနိုက်တက်မှာရှိနေတာကို ကျနော် မအံ့သြပါဘူး”

“ဒီလိုအရည်အချင်းမျိုးနဲ့ ကစားသမားကို ပိုင်ဆိုင်ထားတယ်ဆိုရင် ခင်ဗျားတို့ သူ့ကို မှန်ကန်တဲ့စနစ်တခုနဲ့ အသုံးပြုရမှာပါ။ တခါတလေ ကျနော်တို့က ကစားသမားရဲ့ အသက်အရွယ်ကို မေ့ထားရမှာပါ။ အဓိက လိုအပ်တာက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကွင်းထဲက ရည်မှန်းချက်တွေကိုပါ အဓိက ထည့်သွင်း စဥ်းစားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က