အန်တိုနီက ဆက်တိုက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။

ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီအထုတ်မခံရတဲ့အပေါ် ပြိုင်ဘက်ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်နေကြပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဘရိုက်တန်က ယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီပွဲမှာ ဘရိုက်တန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ လုခ်ရှောရဲ့ လက်ထိဘောကတစ်ဆင့် ရရှိခဲ့တဲ့ ပင်နယ်တီကို မက်အယ်လစ္စတာက ကန်သွင်းပြီး ရယူခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန်အတွင်း အန်တိုနီတစ်ယောက် ပြဿနာရှာခဲ့တဲ့ဖြစ်ရပ်ကလည်း ပြိုင်ဘက်ပရိသတ်တွေအတွက် ပြောစရာဖြစ်နေပါတယ်။

အန်တိုနီဟာ မက်အယ်လစ္စတာကို ရည်ရွယ်ချက်ရှိရှိ လူချကစားခဲ့ပြီးနောက် ပြိုင်ဘက် နောက်ခံလူ လူးဝစ်ဒန့်ခ်နဲ့ပါ ထိပ်တိုက်တွေ့ပြီး ရန်ပွဲဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ကွင်းလယ်ဒိုင်က လူးဝစ်ဒန့်ခ်နဲ့ အန်တိုနီ နှစ်ယောက်လုံးကို အဝါကတ်ပြသခဲ့ပေမယ့် ပရိသတ်တွေကတော့ အန်တိုနီ အနီကတ်မထိခဲ့တဲ့အပေါ် ကျေနပ်ခြင်းမရှိပါဘူး။

ပြိုင်ဘက်ပရိသတ်တွေက “ဒန့်ခ်က ဒီဖြစ်ရပ်အတွက် အဝါကတ်ထိခဲ့သလို အန်တိုနီကလည်း အဝါကတ်ပဲထိခဲ့ပါတယ်။ သူက ပြိုင်ဘက်ကိုလည်း ကန်ကျောက်ပြီး စည်းကြပ်ဒိုင်ကိုလည်း ပြဿနာရှာခဲ့ပါသေးတယ်” “ဒါက အဝါကတ်နှစ်ကတ် တစ်ပါတည်းပြရမှာပါ။ ပထမအကြိမ်က လူချလို့ဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ သူ့ရဲ့ တုံ့ပြန်ပုံကြောင့်ပါ။ ဒါပေမယ့် သူက ယူနိုက်တက်ဂျာစီဝတ်ထားတော့ ဒါက မဖြစ်လာခဲ့ပါဘူး”

“အန်တိုနီကတော့ အဲ့ဒီနေရာမှာတင် အဝါကတ်နှစ်ကတ် တစ်ခါတည်း အပြခံရမှာပါ” ရော်ဘတ်ဆန်ကတော့ ပြီးခဲ့တဲ့ရာသီ စပါးနဲ့ပွဲမှာ ဒါမျိုးဖြစ်ရပ်အတွက် အနီကတ်ထိခဲ့ပါတယ်။ ဘက်လိုက်တာတော့ တကယ်ပါပဲ” လို့ အသီးသီး မှတ်ချက်ပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က