တည်ငြိမ်မှုရှိဖို့ လိုအပ်မယ်လို့တော့ သတိပေးခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်းဘာဘာတော့ဗ်က သူ့ရဲ့အသင်းဟောင်းဟာ တည်ငြိမ်မှုသာရှိနေမယ်ဆိုရင် ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်စွမ်းရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီး၊ စပါး၊ အက်သလက်တီကို၊ လီဗာပူးလ်တို့နဲ့ ဆက်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်နေရတဲ့ ယူနိုက်တက်နဲ့ပတ်သက်ပြီး ဘာဘာတော့ဗ်က သူ့ရဲ့အမြင်ကို သုံးသပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရန်းဂ်နစ်ခ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့လတွေမှာ ခြေစွမ်းနဲ့ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်ခဲ့ပြီး အမှတ်ရသင့်တဲ့ပွဲတွေမှာ ရမှတ်တွေဆုံးရှုံးခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မသေမချာဖြစ်လာခဲ့ပြီး အခုအခါမှာ ပွဲကျပ်တွေဆက်တိုက်ရင်ဆိုင်ရတော့မှာဖြစ်လို့ သူတို့အပေါ် သံသယတွေရှိနေပေမယ့် ဘာဘာတော့ဗ်ကတော့ အကောင်းမြင်နေတာဖြစ်ပါတယ်။ 

"ယူနိုက်တက်က လာမယ့်ရက်သတ္တပတ်တွေမှာ ပွဲကြီးပွဲကောင်းတွေနဲ့ ရင်ဆိုင်ရတော့မှာပါ၊ စာရွက်ပေါ်မှာတော့ ဒါတွေက ခက်ခဲကြမ်းတမ်းနေမှာပါ၊ ဒါပေမယ့် ယူနိုက်တက်က ယူနိုက်တက်အနေအထားမှာ ရှိနေပါသေးတယ်၊ သူတို့မှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး ခက်ခဲတဲ့အခြေအနေတခုကို ကျော်ဖြတ်နေရတယ်ဆိုရင်တောင်မှ သူတို့က ကောင်းကောင်းကစားနိုင်သေးပြီး ခင်ဗျားမဖြစ်နိုင်ဘူးလို့ထင်တာတွေကို လုပ်ပြနိုင်စွမ်းရှိပါတယ်"


"သူတို့ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီးတော့ ယူနိုက်တက်အပေါ် ခင်ဗျားမြင်လို့ရပေမယ့် အဲဒါက အမှားတခုပါပဲ၊ အသင်းတိုင်းကို သူတို့အနိုင်ကစားနိုင်စွမ်းရှိပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာပ​ဲ ဝက်ဖို့ဒ်လိုအသင်းကို အိမ်ကွင်းမှာပဲ အမှတ်တွေဆုံးရှုံးခဲ့ရပြီး ကျနော့်ကိုလည်း ဒေါသထွက်စေခဲ့ပါတယ်၊ သူတို့က တသမတ်တည်းရှိတဲ့ ခြေစွမ်းမျိုးကို ရှာဖွေဖို့လိုအပ်နေပြီး ဘယ်လိုဖန်တီးရမလဲဆိုတာကို သိဖို့လိုပါတယ်"

"ယူနိုက်တက်နဲ့ကစားရမှာ အချိန်ကောင်းပဲလို့ မန်စီးတီးက ထင်နေမှာပါ၊ ယူနိုက်တက်ကို သူတို့အထင်မသေးပေမယ့် နိုင်ပွဲရဖို့ အခွင့်အရေးကောင်းဆိုတာ သူတို့သိပါတယ်၊ အိပ်ပျော်နေတဲ့ Giant ကြီးတကောင်က အန္တရာယ်ပေးနိုင်ပါသေးတယ်၊ မန်စီးတီးအတွက် အခွင့်အရေးကောင်းဖြစ်နေပေမယ့် ဘာမှမဖြစ်လာတော့ဘူးလို့ ခင်ဗျားထင်နေချိန်မှာ ယူနိုက်တက်က လုပ်နိုင်စွမ်းရှိနေပါတယ်" လို့ ဘာဘာတော့ဗ်က ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က