အသင်းဟောင်းရဲ့ အရည်အသွေးအပေါ် ယုံကြည်နေတာပါ။

၁၆ သင်းအဆင့်မှာ အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မယ့် ယူနိုက်တက်ရဲ့ အနေအထားကို ပေါလ်အင့်စ်က သုံးသပ်ခဲ့ပြီး ဆုဖလားပါရယူနိုင်စွမ်းရှိတယ်လို့ ပြောဆိုသွားခဲ့တာပါ။ 


မန်ချက်စတာယူနိုက်တက်အသင်းက ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်တယ်လို့ အသင်းကစားသမားဟောင်းတဦးဖြစ်တဲ့ ပေါလ်အင့်စ်က ပြောဆိုလိုက်ပါတယ်။ ၁၆ သင်းအဆင့်မှာ အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မယ့် ယူနိုက်တက်ရဲ့ အနေအထားကို ပေါလ်အင့်စ်က သုံးသပ်ခဲ့ပြီး ဆုဖလားပါရယူနိုင်စွမ်းရှိတယ်လို့ ပြောဆိုသွားခဲ့တာပါ။ 

"သူတို့တွေ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်ပါတယ်၊ လူတွေကတော့ ကျနော်ရူးနေလားလို့ ထင်နေနိုင်ပါတယ်၊ ဒါပေမယ့် သူတို့ လုပ်နိုင်ပါတယ်၊ ယူနိုက်တက်က တကယ်ခြေစွမ်းကောင်းပြီဆိုရင် ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်ပါတယ်၊ ဘယ်သူပဲဖြစ်ဖြစ်ပါ၊ ရှုံးထွက်ကစားရတဲ့ ပြိုင်ပွဲတွေမှာ ခင်ဗျားက အကောင်းဆုံးပုံစံရှိနေမယ်၊ ကမ္ဘာ့အဆင့်ကစားသမားတွေလည်း ပိုင်ဆိုင်ထားမယ်ဆိုရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မရောက်ဘူး၊ ဖလားမရနိုင်ဘူးလို့ ပြောစရာအကြောင်းပြချက် ဘာမှကိုမရှိပါဘူး" လို့ ပေါလ်အင့်စ်က ဆိုပါတယ်။ 

ယူနိုက်တက်ကတော့ လက်ရှိမှာ နည်းပြသစ်ရန်းဂ်နစ်ခ်ကိုင်တွယ်နေတာဖြစ်ပြီး သူ့လက်ထက်မှာ ၂ ပွဲဆက်တိုက်အနိုင်ရရှိထားခဲ့ကာ ပေးဂိုးမရှိသေးတဲ့အသင်းလည်းဖြစ်ပါတယ်။ ဆိုးလ်ရှားနဲ့ ကာရစ်တို့က ယူနိုက်တက်ကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဆီ ပို့ဆောင်ပေးခဲ့ပြီးနောက် ရန်းဂ်နစ်ခ်က ၁၆ သင်းအဆင့်ကနေ စတင်ကိုင်တွယ်ရမှာဖြစ်ပြီး အေတီကိုနဲ့ပွဲက သူ့အတွက် စိန်ခေါ်မှုဖြစ်လာတော့မှာပါ။ 

ပေါလ်အင့်စ်က ထပ်ပြောခဲ့ရာမှာတော့ "ယူနိုက်တက်က ဝက်စ်ဟမ်းနောက် တမှတ်အကွာမှာ ရှိနေပါတယ်၊ သူတို့တွေ အမှတ်ပေးဖလားကို ရယူနိုင်မယ်လို့ ကျနော်မပြောနိုင်ပါဘူး၊ ဒါပေမယ့် သူတို့အဆင့် ၄ နေရာနဲ့တော့ ရာသီပြီးဆုံးနိုင်သင့်ပါတယ်၊ ချယ်လ်ဆီး၊ မန်စီးတီး ဒါမှမဟုတ် လီဗာပူးလ်တို့ခြေချော်လက်ချော်ဖြစ်ခဲ့မယ်ဆိုရင်တော့ သူတို့ ထိပ်ဆုံး ၃ သင်းနေရာကို ဝင်နိုင်ပါတယ်၊ ဘယ်သူသိနိုင်ပါ့မလဲ"

"အဆင့် ၄ ဆိုရင်လည်း သူတို့ ချန်ပီယံလိဂ်အတွက် တနေရာရမှာပါ၊ သူတို့ အက်ဖ်အေဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားတော့ ရဖို့ ကျနော်မျှော်လင့်ပါတယ်" လို့ ပြောဆိုပါတယ်။ ယူနိုက်တက်ဟာ ဒီကြားရက်မှာ ဘရန်ဖို့ဒ်နဲ့ကစားရဖို့ရှိနေပေမယ့် အသင်းတွင်းကိုဗစ်ပြသနာကြောင့် လေ့ကျင့်ကွင်းကို ပိတ်ထားရပြီး အဆိုပါပွဲကို ကစားဖြစ်၊မဖြစ် မသိရသေးပါဘူး။ 

Share

က္က