ဒီရာသီမှာ ယူနိုက်တက်က အခြေအနေဆိုးနေတာပါ။

ယူနိုက်တက်ရဲ့ ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က ယူနိုက်တက်ဟာ ကစားသမားတွေအတွက်ရော၊ နည်းပြတွေအတွက်ပါ သင်္ချိုင်းတစ်ခုလို ဖြစ်နေပြီလို့ ဝန်ခံလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ကစားပြီးတဲ့ပွဲတွေမှာ နိုင်ပွဲထက် ရှုံးပွဲက ပိုမိုများပြားနေပါတယ်။



ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း အုပ်စုအဖွင့်နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး ပရီးမီးယားလိဂ်မှာလည်း ဆက်တိုက်ကို ရုန်းကန်နေရတာပါ။ ယူနိုက်တက်ဟာ အရင်ကတည်းက ကစားသမားကောင်းတွေအတွက် ဒုက္ခရောက်တဲ့ အသင်းတစ်သင်းအဖြစ် သတ်မှတ်လှောင်ပြောင်ခံခဲ့ရဖူးပါတယ်။

ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကြယ်ပွင့်တွေဟာ ခြေစွမ်းခြေစ ပျက်စီးသွားခဲ့ပြီး လက်ရှိမှာတော့ ဒီအသင်းက နည်းပြတွေအတွက်ပါ ကျိန်စာသင့်တဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ နဗီးလ်က “တန်ဟက်ခ်အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ လူတွေက သူ ဒီအသင်းကို အများကြီး ပိုကောင်းလာအောင် လုပ်ပေးနိုင်မယ်လို့ ပြောခဲ့တာကို သိပါတယ်”

“ဒါပေမယ့် ဒီမှာ ပြဿနာကြီးတွေ အများကြီးရှိနေပြီး နောက်ဆုံးဆယ်နှစ်အတွင်းမှာ နည်းပြတွေက ဒါတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပြဿနာတွေ ဖြေရှင်းပြီးသွားသည့်တိုင် အသင်းက ပုံမှန်ခြေစွမ်းအောက် ရောက်နေဦးမယ်ထင်ပါတယ်။ ဒီအသင်းက နည်းပြတွေ၊ ကစားသမားတွေအတွက် သင်္ချိုင်းမြေတစ်ခုဖြစ်လာခဲ့ပါပြီ။ ဒီလိုပြောလို့ မလွန်ပါဘူး”

“နောက်ဆုံးဆယ်နှစ်အတွင်း ယူနိုက်တက်မှာ ကောင်းခဲ့တဲ့ ကစားသမားက နည်းနည်းလေးပဲရှိပါတယ်။ ထိပ်တန်းကစားသမားတွေ၊ အခြားအသင်းတွေက လိုချင်နေတဲ့ ကစားသမားတွေ ယူနိုက်တက်ကို ရောက်လာပါတယ်။ ဒါပေမယ့် သူတို့က အသင်းမှာ မအောင်မြင်ဘဲ ခြေစွမ်းမပြနိုင်ဘဲ ပြီးသွားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က