လီဗာပူးကိုတော့ သရေခံကန်နိုင်ကြောင်း ပြောပါသေးတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က လက်ရှိအခိုက်အတန့်မှာ ယူနိုက်တက်က ထိပ်တန်းအဆင့်မှာ ရှိမနေတော့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၈) နေရာမှာ ရပ်တည်နေပါတယ်။



ဒါ့အပြင် ပြိုင်ပွဲစုံ နောက်ဆုံး (၄) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံး၊ ဂိုးပေါက်ပျောက်ခဲ့ပြီး အသင်းက အခြေအနေဆိုးတွေကြားထဲ ရုန်းကန်နေရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားတာပါ။
ဒီပွဲအပြီးမှာ တန်ဟက်ခ်က “လက်ရှိအခိုက်အတန့်မှာ ကျွန်တော်တို့က ထိပ်တန်းအဆင့်မှာ မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ ဒီလိဂ်က ထိပ်ဆုံးအသင်းနဲ့ သရေကစားခဲ့တာပါ။ (လီဗာပူးကို ဆိုလိုသည်)။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အကောင်းဆုံးအခွင့်အရေးတွေကို ရရှိခဲ့ပါတယ်”
“မိနစ် (၉၀) လုံးလုံး ကောင်းကောင်းခုခံကစားခဲ့ပြီး ဒီလိုပုံစံမျိုးက ကျွန်တော်တို့အတွက် အမြဲတမ်းရှိရမယ့် စံနှုန်းတစ်ခုပါ။ ဒါမျိုးကို ပွဲတိုင်းမှာ ကွင်းထဲရှိနေသရွေ့ ပြသရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ယူနိုက်တက်တို့ အပိုင်အခွင့်အရေးတွေ​ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
ယူနိုက်တက်ဟာ ခရစ္စမတ်ကာလအပြီးမှာတော့ လက်ရှိမှာ ခြေစွာနေတဲ့ အက်စတွန်ဗီလာနဲ့ ပွဲကျပ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာပါ။ ရက်ကလစ်ဖ် အသင်းရှယ်ယာတွေကို ဝယ်ယူပြီးနောက်ပိုင်း ဒီပွဲမှာ ရလဒ်ကောင်းတစ်ခု ယူနိုင်ဖို့ကလည်း တန်ဟက်ခ်အတွက် အရေးကြီးနေပါတယ်။

Share

က္က