ဒီနေ့ညမှာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ရင်ဆိုင်ရမှာပါ။

လီဗာပူးနည်းပြ ကလော့ပ်က ယူနိုက်တက်နဲ့ ရင်ဆိုင်မယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ယူနိုက်တက်က သူ့အတွက် ကြီးမားတဲ့ ပြိုင်ဘက် မဟုတ်သလို အထူးအစီအစဉ်တွေလည်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒီနေ့ညမှာ ယူနိုက်တက်နဲ့ လီဗာပူးတို့ အက်ဖ်အေဖလားပွဲမှာ ရင်ဆိုင်ရမှာပါ။



ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ အင်္ဂလန်မှာ ကြီးမားတဲ့ ပြိုင်ဘက်တွေဖြစ်ကြပြီး ဖလားရရှိမှုအပိုင်းတွေမှာလည်း အမြဲတမ်း ပြိုင်ဆိုင်နေကြတာလည်း ဖြစ်ပါတယ်။ နှစ်သင်းစလုံးကလည်း ဆုဖလား (၆၇) လုံးအထိ ရရှိထားကြပြီး အင်္ဂလန်ဒါဘီနှစ်သင်းအဖြစ်လည်း တင်စားလေ့ရှိပါတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ ဖာဂူဆန် ထွက်ခွာသွားပြီးနောက် လီဗာပူးက ယူနိုက်တက်ထက် ပိုမိုအောင်မြင်တဲ့ အချိန်ကာလတွေကို ဖြတ်သန်းနေပါတယ်။ ဒီနေ့ည ပွဲမတိုင်ခင်မှာလည်း ကလော့ပ်က “နှစ်သင်းစလုံးရဲ့ အားပြိုင်မှုကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ ပတ်သက်လို့ စဉ်းစားလိုက်ရင် ကျွန်တော့်ဆီမှာ တခြားကိစ္စတွေက ခေါင်းထဲ အရင်ရောက်လာပါတယ်”

“ကျွန်တော့်ရဲ့ ပထမဆုံးနှစ်မှာ လက်စတာက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ချဲလ်ဆီး၊ မန်စီးတီးတို့ပါ။ ဒီတော့ ကျွန်တော့်မှာ ယူနိုက်တက်နဲ့ပတ်သက်လို့ ဘာထူးခြားအစီအစဉ်မှ မရှိပါဘူး။ အခြားသူတွေလိုမျိုး ကျွန်တော် စဉ်းစားနေမှာ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့က ယူနိုက်တက်နဲ့ ရင်ဆိုင်တယ်ဆိုရင် ရင်ဆိုင်လိုက်ပါတယ်”

“ကျွန်တော်တို့က သူတို့နဲ့ မရင်ဆိုင်ရဘူးဆိုရင် သူတို့ ကြိုက်တာ သူတို့ လုပ်နိုင်ပါတယ်။ ကျွန်တော်က ဒါတွေကို လွှမ်းမိုးနေမှာ မဟုတ်ပါဘူး။ အတွေးတွေနဲ့ ကျွန်တော်က တည်ဆောက်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ နေရာတစ်ခုကို ရောက်ချင်တယ်ဆိုရင် အဲ့ဒီအတွက် တစ်ဆင့်ချင်းသွားရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က