ချန်ပီယံလိဂ်ပွဲအဖြစ် ဒီတပတ်မှာ ရင်ဆိုင်ရတော့မှာပါ။

ဂက်စ်ပါရီနီက လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ ယူနိုက်တက်ကြား ကွာဟချက်ကိုလည်း ထောက်ပြပြောဆိုခဲ့ပြီး ယူနိုက်တက်က အားအနည်းဆုံးအသင်းဖြစ်တယ်လို့ သွယ်ဝိုက်ပြောဆိုသွားခဲ့ပါတယ်။


ဒီတပတ်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အတ္တလန္တာအသင်းရဲ့နည်းပြ ဂက်စ်ပါရီနီက ဆိုးလ်ရှားရဲ့အသင်းဟာ တည်ငြိမ်မှုမရှိသေးဘူးလို့ပြောဆိုလိုက်ပါတယ်။ ဂက်စ်ပါရီနီက လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ ယူနိုက်တက်ကြား ကွာဟချက်ကိုလည်း ထောက်ပြပြောဆိုခဲ့ပြီး ယူနိုက်တက်က အားအနည်းဆုံးအသင်းဖြစ်တယ်လို့ သွယ်ဝိုက်ပြောဆိုသွားခဲ့ပါတယ်။



အတ္တလန္တာကတော့ ဒီဘက်နှစ်တွေမှာ အဆိုပါအသင်းတွေနဲ့ မကြာခဏရင်ဆိုင်နေရတဲ့အသင်းလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်စီးတီးကို အီတီဟတ်မှာ ၅-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းမှာ တစ်ဂိုးစီသရေကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်ကို အိမ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပေမယ့် နောက်တစ်ကျော့ပြန်ကစားချိန်မှာတော့ အန်လ်ဖီးမှာ ၂-၀ နဲ့ ပြန်အနိုင်ရအောင် အီတလီကလပ်က စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။ 


ယူနိုက်တက်နဲ့လည်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ခဲ့ထားပြီးဖြစ်ကာ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရကာ ၂-၃ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ Football Italia နဲ့ အင်တာဗျူးမှာတော့ ဂက်စ််ပါရီနိက "ကျွန်တော်တို့က မန်စီးတီး၊ လီဗာပူးလ်နဲ့လည်း ရင်ဆိုင်ဖူးပါတယ်၊ သူတို့အကောင်းဆုံးဖြစ်နေတဲ့အချိန်တွေနော်၊ သူတို့က စုစည်းပြီး ကျစ်လစ်တယ်၊ ခိုင်မာပြတ်သားတဲ့အရာတွေနဲ့ ဖွဲ့စည်းထားတာပါ၊ ယူနိုက်တက်ကတော့ ပြန်လည်တည်ဆောက်ဆဲအဆင့်မှာပဲ ရှိနေပါတယ်"

"ဒါပေမယ့်လည်း သူတို့က အများကြီးဖြစ်လာနိုင်ချေရှိပါတယ်၊ သူတို့မှာ တည်ငြိမ်မှုတော့မရှိပါဘူး၊ ဒါပေမယ့် အရမ်းတောင့်တင်းတဲ့အသင်းအဖြစ်တော့ ရှိနေဆဲပါ၊ အခုလာမယ့်ပွဲက ကျွန်တော်တို့အတွက် အရေးပါတဲ့ပွဲစဉ်ပါ၊ ကျွန်တော်တို့အနိုင်ရဖို့လည်း လိုအပ်ပါတယ်၊ လက်ကျန် ၃ပွဲမှာ ၆ မှတ်လိုနေတယ်ဆိုတာ သိပါတယ်၊ ဒါကြောင့် ဒီပွဲကအရေးကြီးပါတယ်၊ ဒါပေမယ့် အဆုံးအဖြတ်ပွဲတော့မဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

"ရော်နယ်ဒိုက ထူးခြားတဲ့ကစားသမားဆိုတာကို အားလုံးသိပြီးသားပါ၊ မန်ချက်စတာယူနိုက်တက်မှာရော၊ စီးရီးအေမှာပါ သူ ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်၊ ပုဂ္ဂိုလ်ရေးအရပြောမယ်ဆို သူ့ကို အင်္ဂလန်ပြန်သွားတာတွေ့ရလို့ ဝမ်းနည်းရပါတယ်၊ ဘာလို့လဲဆိုတော့ အီတလီမှာ အကောင်းဆုံးကစားသမားတွေနဲ့ ကျွန်တော်ရင်ဆိုင်ရဖို့ အမြဲမျှော်လင့်ထားလို့ပါ" လို့ သူက ထပ်မံပြောဆိုသွားခဲ့ပါတယ်။

Share

က္က