မနေ့ညကပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းအနေနဲ့ တိုးတက်လာမယ်လို့ အခိုင်အမာ ယုံကြည်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။



ပြီးခဲ့တဲ့ဘောက်ဆင်းဒေးမှာ ဗီလာကို နှစ်ဂိုးပြတ်ရှုံးပြီးမှ နောက်ကနေ သုံးဂိုးပြန်သွင်းကာ ၃-၂ ဂိုးနဲ့ ယူနိုက်တက်တို့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် မနေ့ညကပွဲမှာတော့ တော်တော်လေး စိတ်ပျက်ဖို့ကောင်းတဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီး ရှုံးပွဲနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ တန်ဟက်ခ်က “သေချာတာတစ်ခုက ကျွန်တော်တို့မှာ တည်ငြိမ်တဲ့ ပုံစံမျိုး မရှိပါဘူး။ ကျွန်တော်တို့က လိဂ်မှာ အကောင်းဆုံးအသင်းတွေကို အနိုင်ယူနိုင်ပေမယ့် ကျန်တဲ့အသင်းတွေကိုကျ မနိုင်တော့ပြန်ပါဘူး။ ထိပ်တန်းအသင်းတွေနဲ့ပွဲမှာ ကျွန်တော်တို့ ယှဉ်ကစားနိုင်ပါတယ်။ အသင်းက တိုးတက်လာဦးမယ်လို့ အခိုင်အမာယုံကြည်ပါတယ်”

“ဘယ်အရာတွေက အလုပ်မဖြစ်ဘူးဆိုတဲ့ အကြောင်းရင်းတွေကို ကျွန်တော်တို့ သိပါတယ်။ ဘယ်အသင်းကမှ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ ဒဏ်ရာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။ ကျွန်တော်တို့လည်း ပိုကောင်းတဲ့ ပုံစံတစ်ခုကို ပြသနိုင်သင့်ပါတယ်။ ကစားသမားအင်အားကလည်း လုံလောက်ပါတယ်”

“ဒါပေမယ့် ခင်ဗျားဆီမှာ ဒဏ်ရာပြဿနာတွေ အရမ်းများနေပြီဆိုရင်တော့ ဒီအင်အားကလည်း မလုံလောက်တော့ပါဘူး။ ဒဏ်ရာရ ကစားသမားတွေပြန်လာတဲ့အခါကျရင်တော့ အသင်းက တိုးတက်လာမယ်ဆိုတာ ယုံကြည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က