ဘရန့်ဝိတ်ကို ယူနိုက်တက်တို့ ကြိုးစားနေတာပါ။

အဲဗာတန်ကတော့ သူတို့ရဲ့ အဓိကနောက်ခံလူ ဘရန့်ဝိတ်အတွက် ပြောင်းရွှေ့ကြေးပမာဏတစ်ရပ်ကို သတ်မှတ်ပေးလိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင် နောက်ခံလူဟာ ပြီးခဲ့တဲ့တစ်ရာသီလုံး အဲဗာတန်အတွက် ခြေစွမ်းပြခဲ့တာပါ။



ဘရန့်ဝိတ်ဟာ အဲဗာတန်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၅) ပွဲ အထိ ကစားပေးခဲ့ပြီး အဲဗာတန်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဘရန့်ဝိတ်ဟာ ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်ရဲ့ ဆန်ခါတင် ကစားသမားစာရင်းမှာလည်း ပါဝင်ခဲ့သေးတာပါ။

အသက် (၂၁) နှစ်အရွယ်သာ ရှိသေးတဲ့ ဒီနောက်ခံလူအတွက် ယူနိုက်တက်က မကြာခင်ကမှ ကမ်းလှမ်းခဲ့သေးပေမယ့် အဲဗာတန်ဘက်က ငြင်းဆန်ပယ်ချခဲ့သေးကြောင်း သိရှိရပါတယ်။ အဲဗာတန်ဟာ လက်ရှိမှာတော့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းအထိ သတ်မှတ်လိုက်ပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ဘရန့်ဝိတ်ကို ခေါ်ယူဖို့အတွက် ဒီဇွန်လမကုန်ခင် အပြီးသတ် ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ချက်ရှိနေပါတယ်။ အကြောင်းရင်းကတော့ သူတို့အနေနဲ့ ဘရန့်ဝိတ်အပြင် အခြားသော ကစားသမားအများအပြားကို ထပ်မံခေါ်ယူသွားဖို့လည်း အစီအစဉ်ရှိနေတာကြောင့်ပါ။

ယူနိုက်တက်ဟာ လက်ရှိနွေရာသီမှာ ဗဟိုနောက်ခံလူနေရာကို သေချာပေါက် ပြင်ဆင်အားဖြည့်ဖို့ လိုအပ်နေပါတယ်။ အဲ့ဒါကြောင့်လည်း ဘရန့်ဝိတ်အတွက် စောစောစီးစီး ကြိုးစားနေတာဖြစ်ပြီး အဲဗာတန်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် (၇၅)​ သန်းကို ပေးချေသွားမလား စောင့်ကြည့်ရမှာပါ။

Share

Loading Next Article...
က္က