ယူနိုက်တက်အတွက်တော့ ဆာလာရဲ့ ပြောဆိုမှုအောက်မှာ နောက်တခါထပ်ရှုံးခဲ့ရပါတယ်။

အန်ဖီးလ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၄-၀ နဲ့ အနိုင်ရခဲ့အပြီးမှာ လီဗာပူးလ်တိုက်စစ်မှူးဆာလာက ယူနိုက်တက်ကစားသမားတွေကို အချဉ်ကောင်တွေလို့ မပြောရုံတမယ် ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဆာလာက အသင်းအတွက်အနိုင်ဂိုး၂ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး မာနေးနဲ့ ဒီယက်ဇ်တို့က တဂိုးစီသွင်းယူပေးခဲ့ကာ ပြိုင်ဘက်ဟောင်းကြီးကို အလဲထိုးခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ကတော့ ခြေစွမ်းပိုင်းအရ စုတ်ပြတ်သက်နေခဲ့ပြီး အားရစရာမရှိခဲ့သလို ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကိုပါ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဆာလာကတော့ ပထမအကျော့မှာလည်း ယူနိုက်တက်ကို ဟက်ထရစ်သွင်းယူခဲ့ကာ ဒီပွဲမှာလည်း ၂ ဂိုး ထပ်ရခဲ့လို့ တရာသီအတွင်း ယူနိုက်တက်ကို ၅ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ပွဲအပြီးမှာ ဆာလာက "သူတို့က ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ ကျနော်တို့တွေ ကစားရလွယ်အောင်ကို လုပ်ပေးသွားခဲ့ပါတယ်၊ တယောက်ချင်းတွေ့တဲ့အနေအထားတွေမှာ သူတို့က ကျနော်တို့ဆီ ဘောလုံးပေးဖို့ကိုပဲ ကြိုးစားသွားခဲ့တာပါ" လို့ လှောင်ပြောင်ခနဲ့ပြော ဆိုသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်ပရိသတ်တွေအတွက် တော်တော်လေးဒေါသထွက်စရာပြောဆိုမှုလည်းဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ တသင်းလုံးမယ်မယ်ရရ ဘာမှမလုပ်နိုင်ခဲ့ဘဲ ကလေးနဲ့ လူကြီးကန်နေသလိုဖြစ်ခဲ့ရပါတယ်။ လီဗာပူးလ်က တပွဲလုံးကို လုပ်ချင်သလိုလုပ်သွားခဲ့ပြီး ပွဲအစ ၅ မိနစ်မှာကတည်းက ဂိုးသွင်းခဲ့ကာ ၄ ဂိုးနဲ့ပဲ ကျေနပ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုမပါဝင်ခဲ့လို့လည်း တိုက်စစ်ပိုင်းက ပိုချည်နဲ့ခဲ့တဲ့ ယူနိုက်တက်တို့ နောက်ထပ်တကြိမ် အရှက်တကွဲရှုံးနိမ့်မှုလည်းဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က