မပြောင်းရွှေ့ဖို့အတွက် ပြောဆိုလိုက်တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခံနေရတဲ့ အင်္ဂလန်ကွင်းလယ်လူဒီကလန်ရိုက်စ်နဲ့ ဘီလင်ဟမ်တို့ကို လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက သတိပေးပြောဆိုမှုတွေပြုလုပ်လိုက်ပါတယ်။ ဝက်စ်ဟမ်းနဲ့ ဒေါ့မွန်မှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်ကြယ်ပွင့်တွေကို တန်ဟက်ဂျ်လက်ထက်မှာ အရခေါ်ယူသွားဖို့ ယူနိုက်တက်က ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာ ကြာပါပြီ။ 

ဒါပေမယ့် ကာရေဂါကတော့ ယူနိုက်တက်ကိုမပြောင်းရွှေ့ဖို့အတွက် အဆိုပါကစားသမားနှစ်ဦးကို သတိပေးသွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အသင်းတွင်းအခြေအနေတွေကြောင့် မပြောင်းရွှေ့တာက အကောင်းဆုံးပဲလို့ ကာရေဂါကဆိုခဲ့ပြီး သူသာဆိုရင် ခေါ်မယ့်အသံကြားတာနဲ့ ဝေးဝေးထွက်ပြေးသွားမှာလို့လည်း ပြောဆိုခဲ့ပါတယ်။ 

"ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ယူနိုက်တက်က ဝယ်ယူခဲ့တဲ့ ဘယ်ကစားသမားမဆို အိုးထရက်ဖို့ဒ်မှာ တိုးတက်လာခဲ့လားဆိုတာကို စဉ်းစားရတာ တော်တော်ခက်ပါတယ်၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ ဘစ်စ်ကာ၊ ဆန်ချိုတို့ ယူနိုက်တက်ကို ရောက်ချိန်မှာ ဒီအသင်းက အင်္ဂလန်လူငယ်ပါရမီရှင်တွေနဲ့ လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်လို့ ခံယူထားခဲ့တာပါ၊ အခုတော့ သူတို့က အိုးထရက်ဖို့ဒ်မှာ ကစားဖို့တောင် ကြောက်ရွံ့နေပုံပါပဲ"

"ကျနော်သာ ဒီကလန်ရိုက် ဒါမှမဟုတ် ဘီလင်ဟမ်သာဖြစ်ခဲ့မယ်ဆိုရင်၊ အင်္ဂလန်အသင်းဖော်တွေပြသနာကို စောင့်ကြည့်နေဖြစ်တယ်ဆိုရင် ယူနိုက်တက်က ခေါ်မယ်ဆိုတဲ့အသံကြားတာနဲ့ ကျနော် အဝေးကြီးထွက်ပြေးသွားမှာပဲ" လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။ နည်းပြသစ်တန်ဟက်ဂျ်နဲ့ပတ်သက်ပြီးတော့လည်း သူက - 


"သူက အဓိကပြသနာ ၄ ခုကို ရင်ဆိုင်ရမှာပါ၊ အဲဒါတွေက ဂွာဒီယိုလာ၊ ကလော့ပ်၊ တူချယ်လ်နဲ့ ကွန်တီတို့ပါ၊ သူ ဘယ်လောက်ပဲထူးချွန်နေပါစေ၊ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေကို အနိုင်ယူပြရမှာပါ" လို့ သတိပေးခဲ့ပါတယ်။ 

Share

က္က