(၁၈) နှစ်အရွယ် အင်္ဂလန်လူငယ်လေးကို ရွိုင်ကိန်းက ချီးမွမ်းခန်းဖွင့်ခဲ့တာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက အင်္ဂလန်ကွင်းလယ်ကစားသမားလေး ဘယ်လင်ဂမ်နဲ့ပတ်သက်လို့ ချီးကျူးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဆန်မာရီနိုကို အဝေးကွင်းမှာ (၁၀) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘယ်လင်ဂမ်က အင်္ဂလန်ရဲ့ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့တာပါ။



အသက် (၁၈) နှစ်အရွယ်သာရှိသေးတဲ့ ဒီကစားသမားလေးဟာ ဒေါ့မွန်အတွက်လည်း အကောင်းဆုံးခြေစွမ်းပြနေပြီး ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်သည့်တိုင် ဂိုးသွင်းစွမ်းရည်လည်း ကောင်းမွန်တဲ့ ကစားသမားဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း လီဗာပူးက ဘယ်လင်ဂမ်ကို ခေါ်ယူချင်တယ်လို့ သတင်းတွေထွက်နေပြီး ဒေါ့မွန်ကလည်း သူတို့ကစားသမားအတွက် ပေါင်သန်း (၁၀၀) အနည်းဆုံး စျေးသတ်မှတ်ထားပါတယ်။

ဒီကစားသမားလေးနဲ့ပတ်သက်လို့ ITV က ဆွေးနွေးခန်းတစ်ခုမှာ ရွိုင်ကိန်းက “ဘယ်လင်ဂမ်က တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အခွင့်အရေးကို ရခဲ့တာဖြစ်ပါတယ်။ ဒီကလေးနဲ့ပတ်သက်လို့ အရာရာတိုင်းကို ကျနော်တို့ ချစ်မြတ်နိုးနေရပါတယ်။ သူ့ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်၊ စကားပြောပုံ၊ ဒါတွေရောပေါ့။ နောက်ပြီး သူက ဒေါ့မွန်လို ထိပ်တန်းအသင်းတစ်သင်းအတွက် အဓိက,ကစားသမားဖြစ်နေပါပြီ”

“ဒီကလေးရဲ့ အလားအလာကတော့ တကယ်ကို ကြောက်ဖို့ကောင်းစရာပါပဲ။ သူ့ကို ကျနော် ချန်ပီယံလိဂ်ပွဲတွေမှာတည်းက သတိထားမိခဲ့ပြီး သူ့ရဲ့ ဘောလုံးပေးပို့ပုံတွေကိုလည်း သတိထားမိပါတယ်။ သူ့ရဲ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကလည်း ကောင်းမွန်တယ်၊ အလားအလာလည်းရှိတယ်၊ သူက လက်ဝှေ့သမားတစ်ယောက်လို သန်မာတဲ့ ကောင်လေးပါ”

“ဆောက်ဂိတ်အနေနဲ့ သူ့ကို သေချာပေါက် တွဲခေါ်သွားသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရွိုင်ကိန်းဟာ ယူနိုက်တက်ကစားသမားတွေကို အမြဲလိုလို ပျစ်ပျစ်နှစ်နှစ် ဝေဖန်နေကျပါ။ ဆန်မာရီနိုနဲ့ပွဲမတိုင်ခင် အယ်လ်ဘေးနီးယားနဲ့ပွဲမှာ မက်ဂွိုင်းရားရဲ့ ဂိုးသွင်းအပြီး အောင်ပွဲခံဟန်ကို ရွိုင်ကိန်းက “ရှက်စရာကောင်းတဲ့လုပ်ရပ်” အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သေးတာလည်းဖြစ်ပါတယ်။ 

Share

က္က