ရော်နယ်ဒိုက သူ့ရဲ့ဆိုရှယ်မီဒီယာမှာတင်ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက လက်စတာနဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ပွဲကို အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်တော့ ဒါဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး (၃) ပွဲမှာ (၂) ပွဲမြောက်အနေနဲ့ လွဲချော်ရတာလည်းဖြစ်ပါတယ်။



မနေ့ညကပွဲမှာ ယူနိုက်တက်တိုက်စစ်ပိုင်းက အီလန်ဂါနဲ့ပွဲထွက်ခဲ့ရပြီး ရပ်ရှ်ဖို့ဒ်ကတော့ အရံခုံမှာသာရှိနေခဲ့ပါတယ်။ အသင်းရဲ့ကစားပုံက ထုံးစံအတိုင်း ဒုက္ခရောက်နေခဲ့ပြီး ဂိုးရဖို့လည်း တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။

ဦးဆောင်ဂိုးကိုလည်း လက်စတာက ရရှိခဲ့တာဖြစ်ပြီး အီဟီယန်နာချိုရဲ့ ခေါင်းတိုက်သွင်းဂိုးကို ဖရက်ဒ်က ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်ချက် ပြန်လျှံထွက်လာကတဆင့် ချေပနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ အိမ်ကွင်းမှာ သရေတမှတ်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီသရေပွဲကြောင့် ယူနိုက်တက်တို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် နည်းပါးသွားခဲ့ပြီး ရော်နယ်ဒိုတယောက် ကစားသမားဘဝမှာ ယူရိုပါလိဂ် ကစားရတော့မယ်လို့လည်း ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။

ယူနိုက်တက်တို့ ဒီလိုမျိုး ရလဒ်ဆိုးနေပေမယ့် ရော်နယ်ဒိုကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် မိသားစုဓာတ်ပုံနဲ့အတူ “မိသားစုကသာ အရာရာတိုင်းဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ တုပ်ကွေးဝေဒနာနဲ့ ခပ်ဆင်ဆင်လက္ခဏာကို ခံစားနေရတာဖြစ်ပါတယ်။

 

ဒီအကြောင်းကိုလည်း ရန်းနစ်ဂ်က “ကံမကောင်းစွာနဲ့ပဲ ရော်နယ်ဒိုက တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာတွေရှိနေခဲ့ပါတယ်။ သူ့အနေနဲ့ အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါနိုင်သင့်ပါတယ်။ ဒါပေမယ့် သူ မသက်သာတဲ့အပြင် လေ့ကျင့်ခန်းပါ မဆင်းနိုင်ခဲ့ပါဘူး”

“ဆရာဝန်က ပွဲကန်မယ့်မနက်ပိုင်း သူ့အိမ်ကို သွားကြည့်ပေးချိန်မှာလည်း သူမသက်သာခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ကံမကောင်းစွာနဲ့ပဲ ရော်နယ်ဒိုက ကျနော်တို့အတွက် မကစားပေးနိုင်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က