မာကိုရူးစ်ကလည်း ပြန်ခေါ်ခဲ့တာပါ။

လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဆန်ချိုက အသင်းဟောင်းကို ပြန်ရောက်ချိန်မှာ ပျော်ရွှင်ရကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်မှာ နည်းပြ တန်ဟက်ခ်နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် အခုလိုမျိုးပဲ အသင်းပြောင်းခဲ့တာပါ။



ဆန်ချိုဟာ ဒီလိုမျိုး အသင်းမပြောင်းခင်မှာ ဒေါ့မွန်ရဲ့ သစ္စာရှိကစားသမားကြီး မာကိုရူးစ်နဲ့ ဆွေးနွေးခဲ့ကြောင်းလည်း ဆိုပါတယ်။ ဆန်ချိုက “လက်စ်ဗီးဂတ်စ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ မာကိုရူးစ်က ကျွန်တော့်ကို ဒေါ့မွန် ပြန်လာဖို့ ပြောနေတာပါ။ ကျွန်တော် အသင့်ဖြစ်တဲ့အချိန် ပြန်သာလာခဲ့၊ သူရှိနေတယ်ဆိုပြီးတော့ပေါ့။ ကျွန်တော် ဒါကို ခေါင်းထဲ အမြဲရှိပါတယ်”

“ဒေါ့မွန်အကြောင်းကို ကျွန်တော် သိပြီး အသင်းမှာရှိတဲ့လူတိုင်းကလည်း ကျွန်တော့်ကို သိပါတယ်။ အသင်းနဲ့ ကစားသမားတွေ ကျနော့်နောက်မှာရှိတာကို သိရတာ ကောင်းပါတယ်။ ယူနိုက်တက်ကနေ ဒေါ့မွန်အတွက် ထွက်ခွာလာချိန်မှာ ပျော်ရွှင်ကျေနပ်ပြီး ခွန်အားအသစ်တွေရခဲ့ပါတယ်။ ဒီအသင်းက ကစားသမားတွေနဲ့ ကျွန်တော် အမြဲ အဆက်အသွယ်ရှိပြီး သူတို့ပွဲတွေလည်း ကြည့်ဖြစ်ပါတယ်”

“အနာဂတ်မှာ ကျွန်တော် ဘာပဲလုပ်ပါစေ၊ ဒေါ့မွန်က အမြဲတမ်း ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အသင်းက ကျွန်တော့်နှလုံးသားရဲ့ နူးညံ့တဲ့ နေရာမှာ အမြဲတမ်း ရှိခဲ့ပါတယ်။ မာကိုရူးစ်၊ ဘိုင်နိုဂစ်တန်စ်တို့လည်း အတူတူပါပဲ။ ဘိုင်နိုဆိုရင် ကျွန်တော်နဲ့အတူတူ လန်ဒန်က လာတာဖြစ်ပြီး ကျွန်တော်တို့ အမြဲတမ်း အဆက်အသွယ်ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က