၂ဂိုးစီသရေကျခဲ့ပေမယ့် အနိုင်မရလို့ မချင့်မရဲဖြစ်နေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ နိုင်ပွဲမရခဲ့တဲ့အတွက် စိတ်တိုင်းမကျဖြစ်ခဲ့၇တယ်လို့ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ပြောဆိုလိုက်ပါတယ်။ စပါးဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ပြီးမှ ချေပဂိုးနှစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ကာ အဖိုးတန်သရေတမှတ်ရရှိခဲ့တာဖြစ်ပေမယ့် ဆွန်ဟောင်မင်ကတော့ အနိုင်ရသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် အရေးပါနေတဲ့ ပွဲဖြစ်ပြီး ပထမပိုင်းမှာ ယူနိုက်တက်က ပွဲကိုထိန်းချုပ်ခဲ့ကာ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေကြောင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ပွဲက ပြောင်းပြန်ဖြစ်ခဲ့ပြီး စပါးက ပိုမိုဖိအားပေးခဲ့ကာ ချေပဂိုးတွေရရှိခဲ့သလို ဂိုးသွင်းသေချာမယ်ဆိုရင် အနိုင်ရဖို့အတွက်တောင် ဖြစ်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာ ဆွန်ဟောင်မင်က "ပထမပိုင်းမှာ ၂-၀ နဲ့ ကျနော်တို့အရေးနိမ့်ခဲ့တာက မထိုက်တန်ပါဘူး၊ ကျနော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဂိုးရမယ့်အခွင့်အရေးတွေလည်း ရှိခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး၊ ဒုတိယပိုင်းမှာ ကျနော်တို့ရဲ့ ပုံစံမှန်ကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ၃ မှတ်မရခဲ့လို့ မပျော်ရွှင်ခဲ့ပါဘူး"

"နောက်ဆုံးရလဒ်က ပြည့်စုံမှုမရှိပါဘူး၊ ပရိသတ်တွေကို မပြိုလဲစေချင်ဘူး၊ အရာအားလုံးကို ကျနော်တို့ ပေးခ​ြ့ပြီး အဝတ်လဲခန်းထဲမှာလည်း စကားတွေ ပြောဆိုခဲ့ကြတယ်၊ ဒီပွဲကို ဒီလိုမျိုးခွင့်မပြုနိုင်ခဲ့ပါဘူး၊ ပထမပိုင်းအနေအထားအတွက်လည်း ဒေါသထွက်ခဲ့ပြီး အဲဒီလိုဖြစ်ဖို့ ဘယ်လိုမှကိုမထိုက်တန်ခဲ့တာပါ' လို့ ပြောဆိုခဲ့ပါတယ်။

စပါးကတော့ လက်ရှိမှာ ၅၄ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက ယူနိုက်တက်ထက် ၂ပွဲပိုကစားထားပေမယ့် ၆ မှတ်ကွာဟနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က ရုန်းကန်ရဦးမှာဖြစ်သလို အဆင့် ၆ နေရာက ဗီလာနဲ့ အမှတ်တူနေလို့လည်း အဆင့် ၅ နေရာကို မဖယ်ပေးရဖို့ အားထုတ်ရဦးမှာပါ။ 

Share

Loading Next Article...
က္က