မာစီးဒီးစ်က (၈) နှစ်ဆက်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

ဖော်မြူလာဝမ်းကလပ် မာစီးဒီးစ်ရဲ့ အမှုဆောင်အရာရှိချုပ် တိုတိုဝုလ်ဖ်က သူ့အနေနဲ့ ယူနိုက်တက်ရဲ့ကျရှုံးမှုတွေအပေါ် လေ့လာပြီး ပိုမိုကြိုးစားခဲ့ရကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဝုလ်ဖ်ရဲ့အသင်းဟာ Constructors’ Championship ရဲ့ ချန်ပီယံအဖြစ် (၈) နှစ်ဆက်တိုက် အောင်ပွဲခံနိုင်ခဲ့ပါတယ်။



ဒီလိုမျိုးအောင်ပွဲခံနိုင်ခဲ့တဲ့အပေါ်မှာ ယူနိုက်တက်ကိုရည်ညွှန်းပြီး အခုလိုပဲ ဝုလ်ဖ်က ပြောကြားလာခဲ့ပါတယ်။ မာစီးဒီးစ်ရဲ့ အမှုဆောင်အရာရှိချုပ် ဝုလ်ဖ်က “ဘာကြောင့် ထိပ်တန်းအသင်းတွေက ချန်ပီယံဆုတွေကို ဆက်တိုက်မရယူနိုင်တာလဲဆိုတာကို ကျနော် လေ့လာခဲ့ပါတယ်။ သူတို့နဲ့ ဆန့်ကျင်ဘက်အရာတွေကို ကျနော်လုပ်ရပါတယ်။ နောက်ပြီး ဘယ်အားကစားလောကမှာမှ အသင်းတသင်းတည်းက (၈) ကြိမ်ဆက် ချန်ပီယံမဖြစ်ဖူးပါဘူး”

“ဒီလိုဖြစ်ရတာက အကြောင်းပြချက် အများကြီးရှိပါတယ်။ အဓိက,ကတော့ လူတွေကြောင့်ပေါ့။ လူတွေက ငြီးငွေ့လာတတ်တယ်ဗျ။ အရင်နဲ့အခု တူညီတဲ့ ကြိုးစားအားထုတ်မှုဆိုတာမရှိပါဘူး။ ခင်ဗျားအနေနဲ့ ရည်မှန်းချက်မကြီးတော့တာမျိုးလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ အခုလိုအောင်မြင်ဖို့ ဘယ်လိုကြိုးစားခဲ့လဲဆိုတဲ့ မေးခွန်းကို ကျနော် မကြာခဏ ကြားခဲ့ရပါတယ်”

“ခက်ခဲတယ်ဆိုတဲ့ အချိန်ကာလတွေ၊ အပိုင်းအခြားတွေကို ကျနော် ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါတွေက တူညီမှုမရှိပါဘူး။ ကျနော့်ဘဝမှာ အကြိမ်ပေါင်းများစွာ ပိုမိုကြိုးစားခဲ့ရပြီး ဒါက ဖော်မြူလာဝမ်းပြိုင်ပွဲတခုတည်းတင် မဟုတ်ပါဘူး။ ကျနော့်ဘဝအတွက် သက်သောင့်သက်သာဖြစ်တဲ့အချိန်တွေအတွက်လည်း သက်ဆိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မာစီးဒီးစ်ဟာ Constructors’ Championship အပြင် Drivers’ Championship မှာလည်း (၂၀၁၄) ကနေ (၂၀၂၀) အထိ (၇) နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါသေးတယ်။ ဒီ (၇) နှစ်မှာ (၆) နှစ်ဆက်တိုက်က နာမည်ကျော်ကစားသမား လူးဝစ်ဟာမီလ်တန်၊ နီကိုရိုစ်ဘာ့ချ်တို့နဲ့အတူ ဗိုလ်စွဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က