အန်တိုနီအတွက် သန်း (၁၀၀) မတန်ဘူးလို့ကို ပြောသွားတာပါ။

အေဂျက်စ်နည်းပြ ရှရက်ဒါက သူ့ကစားသမား အန်တိုနီဟာ ယူရိုသန်း (၁၀၀) မတန်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးရက်သတ္တပတ်ရောက်မှ ယူနိုက်တက်က အန်တိုနီကို အသည်းအသန်ကြိုးစားခဲ့ပြီး အခုချိန်မှာတော့ အေဂျက်စ်တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ကို ပေးချေဖို့ သဘောတူညီခဲ့ပြီးလည်းဖြစ်ပါတယ်။



အေဂျက်စ်ဘက်ကတော့ အန်တိုနီကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က လေ့ကျင့်ခန်းမဆင်း၊ ပွဲမကစားဘဲ ဆန္ဒပြနေတာကြောင့် ကြိုက်စျေးခေါ်ပြီး ရောင်းထုတ်ခဲ့ရတာပါ။ ဒီအပေါ်မှာ အန်တိုနီရဲ့ပြောင်းရွှေ့ကြေးက မထိုက်တန်ဘူးလို့ နယ်သာလန်ဂန္တဝင် ဗန်ဘက်စတန်အပါအဝင် ပရိသတ်အများစုကလည်း ဝေဖန်နေကြပါတယ်။

အခုချိန်မှာလည်း အေဂျက်စ်နည်းပြ ရှရက်ဒါက “ဒီနေ့ခေတ် ငွေပမာဏတွေက ရူးလောက်စရာပါပဲ။ ဘာစီလိုနာက အူစမန်နီဒမ်ဘီလီအတွက် ယူရို (၁၁၅) သန်း ပေးသွားတယ်။ ယူနိုက်တက်ကလည်း ဆန်ချိုအတွက် ယူရိုသန်း (၁၀၀) ဝန်းကျင်ပေးခဲ့တယ်။ အခုလည်း သူတို့ အန်တိုနီအတွက် ထပ်ပေးပြန်ပါပြီ။ ဒီကစားသမားတွေက ဒီလောက်တန်လားမေးရင်တော့ မတန်ပါဘူးလို့ပဲ ပြောရမှာ။ ဒါပေမယ့် ပေးတာက ပေးရမှာပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

အန်တိုနီဟာ လက်ရှိယူနိုက်တက်နည်းပြ တန်ဟက်ခ်ရဲ့ စင်တင်ပျိုးထောင်ခြင်းကို ခံခဲ့ရတဲ့ ကစားသမားဖြစ်ပြီး တန်ဟက်ခ် အေဂျက်စ်ကနေ ထွက်ခွာလာချိန်မှာ နည်းပြသာအလိုရှိရင် အိုးထရက်ဖို့ဒ်ကို လိုက်ခဲ့မယ်ဆိုတဲ့စကားနဲ့ပါ နှုတ်ဆက်ခဲ့တာပါ။ ဒီကစားသမားကိုယ်တိုင်က အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ကိုယ်တိုင်တွန်းအားပေးခဲ့ပါသေးတယ်။

အဆိုပါ ဘရာဇီးသားက ယူနိုက်တက်နဲ့ ဆေးစစ်မှုခံယူခဲ့ပြီးဖြစ်ပြီး ဒီကစားသမားကို ခေါ်ယူနိုင်ကြောင်း မနေ့ကပဲ ယူနိုက်တက်ဘက်က တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ကြာသပတေးည လက်စတာနဲ့ပွဲမှာတော့ အန်တိုနီကို မြင်တွေ့ရဖို့မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က