ဟာလန်းကတော့ သူ့ရဲ့ ထာဝရစံပြပုဂ္ဂိုလ်အဖြစ် ရော်နယ်ဒိုကို သတ်မှတ်ထားတာပါ။

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ ယူနိုက်တက် အမြဲတမ်း စောင့်ကြည့်ခဲ့ရတဲ့ ဥရောပကြယ်ပွင့် ကစားသမားလည်းဖြစ်ပါတယ်။ ဆဲလ်ဘာ့ဂ်မှာ ကစားနေတည်းက ယူနိုက်တက်က ဒီကစားသမားကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဘဝအတွက် လိုအပ်တဲ့အဆင့်တခုဖြစ်တဲ့ ဒေါ့မွန်ကိုသာ ရွေးချယ်ခဲ့တယ်ဆိုတာကိုလည်း အေးဂျင့် ရွိုင်အိုလာကိုယ်တိုင်က ပြောကြားပြီးသားပါ။



လက်ရှိအချိန်မှာ အသက် (၂၁) နှစ်အရွယ် ဒီတိုက်စစ်မှူးက ရီးရဲယ်မက်ဒရစ်၊ PSG၊ ဘာစီလိုနာ၊ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့ရဲ့ ပစ်မှတ် ကစားသမားဖြစ်နေပါပြီ။

ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ ဟာလန်းကို ခေါ်ယူနိုင်ခြေတွေရှိနေဆဲဖြစ်ပြီး အဓိကအကြောင်းရင်းကတော့ လက်ရှိနည်းပြ ရန်းနစ်ဂ်အပြင် ဟာလန်းရဲ့ စံပြပုဂ္ဂိုလ် ရော်နယ်ဒိုပါ ရှိနေတာကြောင့် ဖြစ်ပါတယ်။

ဟာလန်းဟာ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ သူ့ဘဝရဲ့ စံပြပုဂ္ဂိုလ်တယောက်ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်က လူသိရှင်ကြား ပြောကြားခဲ့ဖူးတာပါ။ ဟာလန်းက “ကျနော် ရော်နယ်ဒိုနဲ့ တွေ့ချင်တယ်၊ ပြီးတော့ သူ့ကို ကျနော်က ဘောလုံးသမားတယောက်ပါ၊ ခင်ဗျားကို ကျေးဇူးတင်ပါတယ်လို့ ကျနော် ပြောချင်နေတာပါ”

“ဘာဖြစ်လို့လဲဆိုတော့ ရော်နယ်ဒိုက ကျနော့်အတွက် အမြဲတမ်း စံပြပုဂ္ဂိုလ်တယောက်အဖြစ် ရှိနေလို့ပါ။ ကျနော်က ကိုယ့်အတွက်ကိုယ်ပဲ စဥ်းစားပြီး တနေ့ပြီးတနေ့ တိုးတက်လာအောင် ကြိုးစားနေပါတယ်။ ကျနော် ရော်နယ်ဒို၊ မက်ဆီတို့အကြောင်း မပြောချင်ပါဘူး။ သူတို့က သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“သူတို့လို အဆင့်အတန်းမျိုးကို ရောက်ဖို့ ကျနော် အများကြီး လိုအပ်ပါသေးတယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိနည်းပြ ရန်းနစ်ဂ်ကလည်း ဟာလန်းအတွက် လက်လျှော့ဖို့ စဥ်းစားနေတဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ကို ဟာလန်းအတွက် တွန်းအားပေးလာခဲ့ပြီး ယူနိုက်တက်မှာလည်း ရော်နယ်ဒိုက ရှိနေတာကြောင့် ဟာလန်းအတွက်တော့ ယူနိုက်တက်က မဖြစ်မနေ ထည့်သွင်းစဥ်းစားရမယ့် အသင်းတသင်းဖြစ်နေခဲ့ပါပြီ။ 

Share

က္က