စပါးနဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။

နောက်ဆုံး ၃ပွဲမှာ ပေးဂိုး ၁၁ ဂိုးအထိ ပေးခဲ့ရတဲ့ အသင်းခံစစ်အတွက် အလျင်အမြန်လိုအပ်နေတဲ့ ကစားသမားဖြစ်ပြီး သူမပါဝင်နိုင်ချိန်မှာ ဆိုးလ်ရှားရဲ့အသင်းဟာ ပေးဂိုးတွေအများအပြားပေးခဲ့ရကာ အရှက်ရဖွယ်အရေးနိမ့်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းအတွက် နောက်ဆုံးသုံးပွဲဆက်တိုက်လွဲချော်ခဲ့တဲ့ နောက်ခံလူဗာရန်းဟာ စပါးနဲ့ကစားမယ့် ဒီနေ့ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖွယ်ရှိနေပြီလို့သိရပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့မှာ အဝေးကွင်းပွဲအဖြစ် သွားရောက်ကစားရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်မကောင်းမှုကို ပြန်ချေဖျက်ရမယ့်အချိန်မှာ အားထားရတဲ့ နောက်ခံလူရဲ့ ဒဏ်ရာကနေပြန်လည်ကောင်းမွန်လာခဲ့မှုက သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ 



ပြင်သစ်အတွက်ကစားပေးခဲ့တဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ဗာရန်းက အနားယူနေခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် နောက်ခံလူဟာ နောက်ဆုံး ၃ပွဲမှာ ပေးဂိုး ၁၁ ဂိုးအထိ ပေးခဲ့ရတဲ့ အသင်းခံစစ်အတွက် အလျင်အမြန်လိုအပ်နေတဲ့ ကစားသမားဖြစ်ပြီး သူမပါဝင်နိုင်ချိန်မှာ ဆိုးလ်ရှားရဲ့အသင်းဟာ ပေးဂိုးတွေအများအပြားပေးခဲ့ရကာ အရှက်ရဖွယ်အရေးနိမ့်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ 

ယူနိုက်တက်အတွက် ဗာရန်းက ၇ ပွဲအထိကစားပေးထားပြီးဖြစ်ကာ သူ့ရဲ့ခြေစွမ်းအပေါ် အသင်းပရိသတ်တွေက အားကိုးနေခဲ့ပေမယ့်လည်း အဆိုပါပွဲတွေမှာ ယူနိုက်တက်ဟာ ပွဲတိုင်းဂိုးပေးနေခဲ့ရပါတယ်။ ဒါပေမယ့် တစ်ဦးချင်းခြေစွမ်းအရတော့ ဗာရန်းက အားကိုးရတဲ့အနေအထားကို ပြသနိုင်ခဲ့ပြီး မက်ဂွိုင်းယားနဲ့တွဲဖက်ကာ အရေးပါတဲ့ ဖျက်ထုတ်မှုတွေ၊ ဟန့်တားမှုတွေကို ကာကွယ်ပေးနိုင်ခဲ့ပြီး ပေးဂိုးအနည်းဆုံးဖြစ်အောင်တော့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက "ကစားသမား ၂၅ဦး၊ ဂိုးသမား ၅ဦးနဲ့ လေ့ကျင့်ကွင်းမှာ စုစုပေါင်း ၃ဝဦးအထိ လေ့ကျင့်နိုင်ခဲ့ပါတယ်၊ အားလုံးရဲ့ကြံ့ခိုင်မှုအနေအထားကလည်း ကောင်းမွန်နေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲစဉ်မှာ မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ ဗာရန်းကို မြင်တွေ့ရဖွယ်ရှိနေပြီး ယိုယွင်းနေတဲ့ အသင်းခံစစ်ပိုင်းကို ပြန်လည်ပြီးတည့်မတ်ပေးနိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Share

က္က