စပါးကို မျက်စိကျလာဖွယ်ရာရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့အတွက် စုစုပေါင်း ဒေါ်လာ ၈ ဘီလျံအထိ အကုန်အကျခံမယ်လို့ ပြောဆိုကာ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် ရှိတ်ယာဆင်ဟာ တော့တင်ဟမ်ဟော့စပါးကို ဝယ်ယူဖို့အတွက် ကြိုးပမ်းလာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

ကာတာစီးပွားရေးလုပ်ငန်းရှင်ဟာ ၉၂ ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ယူနိုက်တက်ကို အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့်လည်း ဂလေဇာမိသားစုက ငြင်းဆန်တာကိုသာ ခံခဲ့ရပါတယ်။ အခုအခါမှာ ယူနိုက်တက်ကို ဝယ်ယူရေးအတွက် ကြိုးပမ်းနေမှုတွေကို လက်လျှော့လိုက်ပြီလို့ ရှိတ်ယာဆင်က ပြောဆိုခဲ့ပြီး အခြားအသင်းတသင်းကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေပြီဖြစ်ပါတယ်။ 

ESPN ရဲ့ ဖော်ပြချက်အရ သူဟာ ပရီးမီးယားလိဂ်ကလပ်အသင်းပဲဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကို ဝယ်ယူဖို့ကို ဆုံးဖြတ်လာနိုင်တယ်လို့ ဆိုပါတယ်။ စပါးကလည်း ဒီရာသီမှာ ခြေစွမ်းပြသနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကာ အသင်းတသင်းကို ပိုင်ဆိုင်ချင်တဲ့ ကာတာစီးပွားရေးသမားတွေအတွက်တော့ မျက်စိကျစရာဖြစ်လာပါတယ်။ 

ပြီးခဲ့တဲ့လအတွင်းမှာ စပါးအသင်းဥက္ကဌ ဒန်နီယယ်လီဗိုင်းက အသင်းပိုင်ရှင်တွေဖြစ်တဲ့ ENIC ဟာ ၂၀၀၁ ခုနှစ်ကတည်းက သူတို့ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ခဲ့ပါသေးတယ်။ 

"တဦးဦးက စပါးဘုတ်အဖွဲ့ကို အလေးအနက်ထားပြီး အဆိုပြုခဲ့မယ်ဆိုရင် ကျနော်တို့ထည့်သွင်းစဉ်းစားသွားမှာပါ၊ ဒါက အသင်းရဲ့ အကျိုးစီးပွားအတွက်လို့ ခံစားရမယ်ဆိုရင် ကျနော်တို့ ဘာကိုမဆို ပွင့်ပွင့်လင်းလင်းလုပ်ဆောင်သွားမှာပါ" လို့ လီဗိုင်းက ပြောခဲ့တာပါ။ ဒါကြောင့် ရှိတ်ယာဆင်ဘက်က ကမ်းလှမ်းမှုလုပ်လာရင် အရောင်းအဝယ် ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းလာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က