ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က ယူနိုက်တက်နဲ့ ရင်ဆိုင်မယ့်ပွဲမတိုင်ခင် ပြိုင်ဘက်ရဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ မနက်ဖြန်ညမှာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။



ယူနိုက်တက်ဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ဘုန်းမောက်ကို ၀-၃ ဂိုး၊ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၀-၁ ဂိုး ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာလည်း အုပ်စုနောက်ဆုံးနေရာကနေ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။
အခု လီဗာပူးနဲ့ ယူနိုက်တက်ရင်ဆိုင်မယ့်ပွဲမတိုင်ခင် ပရိသတ်တွေကတော့ လီဗာပူး သေချာပေါက်နိုင်သွားမယ့်ပွဲအဖြစ် အပိုင်တွက်ထားကြပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ကတော့ “ယူနိုက်တက်နဲ့ ပတ်သက်လို့ ပြောဆိုနေကြတာတွေကို ကျွန်တော် မကြိုက်ပါဘူး။ ဒါတွေက အမြဲတမ်း အဲ့ဒီလိုပါပဲ”
“လူတွေက သူတို့ရဲ့မကောင်းကြောင်းတွေ ပြောလေ၊ သူတို့က ပိုသန်မာကြောင်း ပြသလေဖြစ်ပါလိမ့်မယ်။ ဒါတွေက ဖြစ်တတ်တဲ့ သဘောသဘာဝတွေပါ။ ကျွန်တော်ကတော့ မကြိုက်ပါဘူး။ ကျွန်တော်တို့က ကိုယ့်အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ကိုယ်ပိုင်အနေအထားတစ်ခုကို ဖန်တီးရမှာပါ”
“ယူနိုက်တက်မှာ ဘာပြဿနာတွေရှိနေလဲဆိုတာကို အတိအကျသိရလောက်အောင် ကျွန်တော် သူတို့ကို အနီးကပ်စောင့်ကြည့်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လက အကောင်းဆုံးနည်းပြဆုကို တန်ဟက်ခ်ရတယ်၊ ယူနိုက်တက်က ပြီးခဲ့တဲ့လမှာ ပုံစံကောင်းပြခဲ့တယ်။ ဒီတော့ သူတို့က ဘယ်လိုမှားယွင်းနေတာလဲ။ ကျွန်တော်တော့ နားမလည်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က