အိုနာနာကတော့ ယူနိုက်တက်မှ ယူနိုက်တက်ဖြစ်ခဲ့တာပါ။

လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား အိုနာနာဟာ ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီး၊ စပါးတို့ရဲ့ ချဉ်းကပ်မှုတွေကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။ အိုနာနာဟာ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ တန်ဟက်ခ်နဲ့ပဲ ယူနိုက်တက်မှာ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။



အိုနာနာကို ခေါ်ယူဖို့အတွက် ထိပ်တန်းအသင်းအများအပြားက စုံစမ်းချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီအထဲမှာ ပရီးမီးယားလိဂ်ကလပ်တွေလည်း ပါဝင်ခဲ့တာပါ။ ဒါပေမယ့် တန်ဟက်ခ်က အိုနာနာရဲ့ အပြောင်းအရွှေ့မှာ အဓိကကျတဲ့ပုဂ္ဂိုလ်အဖြစ် ပါဝင်ခဲ့ကြောင်း ကစားသမားရဲ့အေးဂျင့် အယ်လ်ဘတ်ဘိုတီနီစ်က ပြောပါတယ်။

ဘိုတီနီစ်က “ဒါတွေအားလုံးက လွန်ခဲ့တဲ့လအနည်းငယ်လောက်က အစပြုခဲ့တာပါ။ ဧပြီလလောက်မှာ ကစားသမားအတွက် ချဉ်းကပ်မှုတွေ အများကြီး ရောက်လာခဲ့ပါတယ်။ စပါးကလည်း ချဉ်းကပ်ခဲ့ပြီး ချဲလ်ဆီးကလည်း တော်တော်လေးကို စိတ်ဝင်စားခဲ့တာပါ။ လန်ဒန်မှာ အစည်းအဝေးတွေ ပြုလုပ်ခဲ့ပြီး ချဲလ်ဆီးကလည်း အင်တာမီလန်နဲ့ ဆွေးနွေးခဲ့ပါတယ်”

“ဒါပေမယ့် တန်ဟက်ခ်က အဓိကသော့ချက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ဂွါဒီယိုလာလို ထိပ်တန်းနည်းပြမျိုးတွေနဲ့ ရင်ဆိုင်ပြီး ယူနိုက်တက်နဲ့အတူ ဆုဖလားတွေ ရရှိအောင် ကြိုးစားသွားမှာပါ။ ဒီအတွက်လည်း ကြီးမားတဲ့ စိတ်ဆန္ဒရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အိုနာနာဟာ လာမယ့်ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့နံပါတ် (၁) ဂိုးသမားအဖြစ် ချွင်းချက်မရှိ သတ်မှတ်ခံရမှာဖြစ်ပါတယ်။ တန်ဟက်ခ်နဲ့ အိုနာနာတို့ဟာ အေဂျက်စ်မှာ (၂၀၁၇) ခုနှစ်ကတည်းက လက်တွဲခဲ့ဖူးပြီး တန်ဟက်ခ်က ယူနိုက်တက်မှာ သူ့ရဲ့ ကစားပုံကို ကောင်းကောင်း အသက်သွင်းနိုင်ဖို့ အိုနာနာကို အရခေါ်ယူခဲ့တာပါ။ 

Share

Loading Next Article...
က္က