ဗန်ဂါးကတော့ ယူနိုက်တက်နည်းပြဟောင်းလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ အေဂျက်ဇ်နောက်ခံလူတင်ဘာကို မပြောင်းရွှေ့ခင်မှာ စဉ်းစားဖို့အတွက် ဟော်လန်နည်းပြဗန်ဂါးလ်က သတိပေးလိုက်ပါတယ်။ ယူနိုက်တက်နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ ဗန်ဂါးလ်က တင်ဘာကို အိုးထရက်ဖို့ဒ်မှာ ပုံမှန်ကစားခွင့်ရရှိမှမဟုတ်ဘူးလို့ ထင်မြင်နေတာလည်းဖြစ်ပါတယ်။ 

အဲရစ်တန်ဟက်ဂျ်ကတော့ အေဂျက်ဇ်မှာ လက်တွဲခဲ့တဲ့ တပည့်ဟောင်းကို ပေါင် ၄၃ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဆွေးနွေးမှုတွေပြုလုပ်နေပြီး တင်ဘာကလည်း တန်ဟက်ဂျ်ရှိရာဆီ လိုက်ပါချင်တယ်လို့ သတင်းတွေထွက်နေပြီး ခေါ်ယူနိုင်ဖို့ရာ နီးစပ်နေပေမယ့် ဗန်ဂါးလ်ရဲ့ ဝင်ရောက်ပြောဆိုမှုက ဒီအပြောင်းအရွှေ့ကို ပျက်ပြယ်စေနိုင်တဲ့အထိ အကျိုးသက်ရောက်လာနိုင်စေပါတယ်။ 

"ကစားသမားတယောက်က ပရီးမီးယားလိဂ်မှာ ကစားဖို့ အရည်အသွေးရှိရပါမယ်၊ ဒါဆိုရင် ဘာပြသနာမှမရှိပါဘူး၊ ဒါပေမယ့်လည်း သူ အခု ဒီကြီးမားတဲ့ ခြေတလှမ်းကို လှမ်းရမယ်ဆိုရင် ဒါက မေးခွန်းထုတ်စရာပါပဲ" လို့ ဗန်ဂါးလ်က ပြောခဲ့ပါတယ်။ တကယ်လို့ ဗန်ဂါးလ်ကို တင်ဘာက ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ပေမယ့် ရာသီအဖွင့်ပွဲတွေမှာ ကစားခွင့်မရဘူးဆိုရင် ဘယ်လိုဖြစ်မယ်ဆိုတာကို မေးမြန်းခဲ့ပါတယ်။ 

ဒီအခါမှာ ဗန်ဂါးလ်က ပြုံးနေခဲ့ပြီး "သူ အဲဒီလောက်ထိတော့ ပညာမမဲ့ဘူးထင်ပါတယ်၊ သူ ကစားရမှာပါ" လို့သာ ဖြေဆိုခဲ့ပါတယ်။ ဗန်ဂါးလ်ဟာ အရင်ကလည်း အသင်းဟောင်းယူနိုက်တက်ကို စီးပွားရေးပဲလုပ်နေတဲ့အသင်းလို့ ပြောဆိုခဲ့ဖူးပြီး လက်ရှိမှာ ၀ုဒ်ဝက်ဒ်နေရာ အစားထိုးဝင်လာတဲ့ ရစ်ချက်အာနိုးကတော့ အောင်မြင်အောင်လုပ်နိုင်မယ်လို့ သူက ပြောဆိုခဲ့ပါသေးတယ်။ 

Share

က္က