သူကိုယ်တိုင်လည်း တစ်ဂိုးသွင်းခဲ့ပါတယ်။

နယူးကာဆယ်ကြယ်ပွင့် လီဝစ်ဟောက ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အခုလိုမျိုး သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာက မျှော်လင့်ထားတာထက်တောင် ပိုမိုကျော်လွန်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ လီဝစ်ဟောက အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။



ယူနိုက်တက်ရဲ့ ကစားပုံက ဆိုးရွားလွန်းခဲ့ပြီး နယူးကာဆယ်ကတော့ အိုးထရက်ဖို့ဒ်မှာတင် ပြီးခဲ့တဲ့ရာသီ ကာရာဘောင်ဖလားဗိုလ်လုပွဲအရှုံးကို လက်စားချေနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိချန်ပီယံ ယူနိုက်တက်တို့ ကာရာဘောင်ဖလား စတုတ္ထအဆင့်ကနေ လှည့်ပြန်ခဲ့ရတာပါ။
ပွဲအပြီးမှာ ဟောက “ဗုဒ္ဓဟူးနေ့ မနက်ခင်းမှာ ကျွန်တော်တို့ အစည်းအဝေးလုပ်ခဲ့တယ်ထင်ပါတယ်။ နေ့ခင်းမှာတော့ ကျွန်တော်တို့ ဘယ်လိုကစားချင်တယ်ဆိုတာကို ပြင်ဆင်ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်က ကြီးကျယ်ခမ်းနားတဲ့ကွင်း၊ ယူနိုက်တက်က အသင်းကြီးတစ်သင်းပါ။ ဒီတော့ ကျွန်တော်တို့ ဒီမှာ ဘာလုပ်နိုင်တယ်ဆိုတာကို ပြသချင်ခဲ့ပါတယ်”
“ပွဲထဲမှာလည်း အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပြီး မျှော်လင့်ထားတဲ့အတိုင်းပဲ နိုင်ပွဲနဲ့အတူ ပြိုင်ပွဲမှာ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ ဒါက တကယ်ကို အံ့အားသင့်စရာပါပဲ။ ကျွန်တော် အခွင့်အရေးရတဲ့အချိန်မှာလည်း ဒါက သေချာပေါက် ဂိုးဖြစ်တော့မယ်လို့ သိခဲ့ပါတယ်”
“အရိုးသားဆုံးပြောရရင် ကျွန်တော် လပေါ်ကို ရောက်သွားသလိုပဲဗျာ။ ဒါကို ဖော်ပြဖို့ တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အောင်ပွဲခံပုံကို ကြည့်ရင် ကျွန်တော် ဘယ်လောက်အထိ ပျော်ရွှင်ခဲ့လဲဆိုတာကို ခင်ဗျားတို့ မြင်နိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က