ပီတာရှမိုက်ကယ်က ယူနိုက်တက်နည်းပြရာထူးအတွက် စတိဗ်ဘရုစ်ကို ထောက်ခံပေးခဲ့တာပါ။

ယူနိုက်တက်ရဲ့ ဂန္တဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်က နယူးကာဆယ်နည်းပြရာထူးကနေ အထုတ်ခံထားရတဲ့ နည်းပြ စတိဗ်ဘရုစ်က ယူနိုက်တက်အတွက် သိပ်ကောင်းတဲ့ ယာယီနည်းပြဖြစ်လာနိုင်တယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ နယူးကာဆယ်က ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း စတိဗ်ဘရုစ်တို့ (၁) ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ပြီးနောက် ရာထူးက အထုတ်ခံခဲ့ရတာပါ။



စတိဗ်ဘရုစ်ကတော့ ဘောလုံးလောကကို ကျောခိုင်းသွားဖွယ်ရှိတယ်လို့ ဆိုထားပေမယ့် ကမ်းလှမ်းမှုတွေရလာရင် စိတ်ပြောင်းနိုင်တယ်လို့လည်းဆိုထားပါတယ်။ ကစားသမားဘဝမှာလည်း ယူနိုက်တက်အတွက် ကစားပေးခဲ့ဖူးတဲ့ စတိဗ်ဘရုစ်က လက်ရှိအချိန်မှာ ယူနိုက်တက်နည်းပြရာထူးကို တာဝန်ယူဖို့ စိတ်ဝင်စားနေပြီလို့လည်း သတင်းတွေ ထွက်ထားတာပါ။

အာဆင်နယ်ဂန္တဝင်နောက်ခံလူ ဆိုးလ်ကမ်းဘဲလ်ကလည်း စတိဗ်ဘရုစ်ကို ယူနိုက်တက်တို့ ယာယီနည်းပြအဖြစ် ခန့်အပ်သင့်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီး ဒီလုပ်ရပ်က မှားရင်လည်းမှား၊ မှန်ရင်လည်းမှန်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဂန္တဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ကလည်း “ကစားသမားတွေကို ဖိအားပေးဖို့ ဝင်လာတဲ့ လူမျိုးကိုပဲ ကျနော်ကတော့ လိုချင်တာပေါ့ဗျာ။ အသွင်သစ်နဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ထုတ်ယူနိုင်တဲ့လူမျိုးပေါ့။ နောက်ပြီး ပုံစံတွေ၊ စနစ်တွေကို အများကြီး အပြောင်းအလဲမလုပ်ဘဲ ပြန်စရပါမယ်”

“တကယ်လိုအပ်နေတဲ့ အစစ်အမှန်တခုနဲ့ ပြန်စရမှာပါ။ ခံစစ်က ဂိုးတွေမပေးရဘူး။ ဒီအတွက် အလုပ်လုပ်ရပါမယ်၊ ခြေလှမ်းသေးသေးလေးက အစပြုရမယ်၊ ချက်ချင်းကြီး ခုန်တက်သွားပြီး ငါတို့ Pressing game ကစားမယ် အော်နေလို့မရပါဘူး။ ဒါမျိုးလုပ်လို့မရဘူးလေ။ အရင်ဆုံးလုပ်ရမှာက အသင်းမှာရှိတဲ့လူတိုင်းကို ယုံကြည်မှုရှိလာအောင် ပြန်လုပ်ပေးရမှာပါ”

“ကျနော်ကတော့ ဒီလိုအကြံအစည်မျိုးကို သဘောကျပါတယ်။ တကယ်လို့ ယာယီနည်းပြခန့်မယ်ဆိုရင် အသင်းအကြောင်းကောင်းကောင်းသိတဲ့ လူကို ခန့်ဖို့ လိုအပ်ပါတယ်။ စတိဗ်ဘရုစ်လို လူမျိုးပေါ့။ အဲ့ဒါဆိုရင် အရမ်းကောင်းမှာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က