ဘာယင်ဒါကို အကြံဉာဏ်တွေ ပေးခဲ့တာပါ။

လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ဖီနာဘာချီကို ပြောင်းရွှေ့သွားခဲ့တဲ့ ဖရက်ဒ်ဟာ အသင်းဟောင်း ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဖီနာဘာချီဂိုးသမား ဘာယင်ဒါကို အကြံဉာဏ်တွေ ပေးခဲ့ကြောင်း သိရှိရပါတယ်။



ဖရက်ဒ်ဟာ တူရကီကလပ်ကို ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အသင်းအတွက် နှစ်ပွဲဆက်တိုက် ပွဲထွက်ကစားပေးခဲ့ပါတယ်။ ဒါ့အပြင် ဖရက်ဒ်ရဲ့ ခြေစွမ်းက ကျေနပ်စရာကောင်းနေပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဖရက်ဒ်ဟာ ဖီနာဘာချီ ကစားသမားဘဝ ပထမဆုံးပွဲမှာကတည်းက ဂိုးရမလိုဖြစ်ခဲ့ပေမယ့် လူကျွံဘောဖြစ်နေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ အခုချိန်မှာတော့ ဖရက်ဒ်က ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘာယင်ဒါအတွက် လိုအပ်တဲ့ အကြံဥာဏ်တွေ ပေးခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဖရက်ဒ်က “ဘာယင်ဒါ အသင်းကနေ ထွက်သွားချိန်မှာ သူ့အတွက် အကောင်းဆုံးတွေဖြစ်ဖို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့တော့မှာပါ။ သူ နေလို့အဆင်ပြေမယ့် နေရာအချို့ကိုလည်း ကျွန်တော် အကြံပေးလိုက်ပါသေးတယ်”

“နောက်ပြီး မန်ချက်စတာမှာ မိုးတွေအရမ်းရွာခဲ့တဲ့အကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဘာယင်ဒါက ယူနိုက်တက်မှာ အရမ်းကို ပျော်ရွှင်မှာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒင်းဟန်ဒါဆန်ကို လက်လွှတ်ခဲ့ပြီးနောက် ဘာယင်ဒါကို အခုလိုမျိုး ပြန်လည်အစားထိုး ခေါ်ယူခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က