ပွဲကို ပိုမိုထိန်းချုပ်ချင်နေတာပါ။

လီဗာပူးနည်းပြ ဆလော့က ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ အသင်းရဲ့ခြေစွမ်းကို ကျေနပ်အားရမှုမရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လီဗာပူးက ယူနိုက်တက်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



လီဗာပူးအတွက် ဂိုးတွေကို ကာဗယ်လ်ဟို၊ ကာတစ်ဂျုံးစ်နဲ့ ဆီမီကတ်စ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ လီဗာပူးနည်းပြ ဆလော့က “ကျနော်တို့ ပွဲကို အခုထက် ပိုပြီးကောင်းအောင် ထိန်းချုပ်နိုင်ခဲ့သင့်ပါတယ်။ ယူနိုက်တက်က အခွင့်အရေးကောင်းတွေကိုလည်း ဖန်တီးနိုင်ခဲ့ပါသေးတယ်”

“သူတို့က ၃-၀ ဂိုးဆိုတဲ့ အရှုံးထက် ပိုထိုက်တန်တဲ့ပုံစံကို ပြသနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးပရိသတ်တွေကတော့ သူတို့အသင်းနည်းပြ ဆလော့ရဲ့ ပြောစကားတွေအတွက် ချီးကျူးသဘောကျနေကြပါတယ်။

လီဗာပူးဟာ လက်ရှိနွေရာသီမှာ ကစားသမားသစ် တစ်ယောက်မှ မခေါ်ရသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်အသင်းအဖြစ် ရပ်တည်နေတာပါ။ ဒါပေမယ့် ဆလော့ကတော့ လီဗာပူးကို လက်ရှိရာသီကြိုမှာ ခြေစမ်းပွဲ (၃) ပွဲကစား၊ (၃) ပွဲနိုင်ဆိုတဲ့ ရလဒ်ကို ရယူပေးထားတာလည်း ဖြစ်ပါတယ်။

Share

က္က