ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာဟာ သူ့အသင်းဟောင်း ယူနိုက်တက်ကို သစ္စာရှိလိုတာကြောင့် ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့နွေကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။
ဒီဂီယာဟာ ယူနိုက်တက်မှာ နှစ်ပေါင်းများစွာ ကြာအောင် ကစားခဲ့ပြီး အသင်းရဲ့ အဆိုးဆုံးအချိန်တွေမှာတောင် အကောင်းဆုံး လက်စွမ်းပြပြီး ကယ်တင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အိုနာနာအတွက် သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝကို အဆုံးရှုံးခံခဲ့ရပါတယ်။
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ အိုနာနာကို ခေါ်ယူဖို့အတွက် ဒီဂီယာကို စာချုပ်သစ် မချုပ်ဆိုဘဲ အသင်းကနေ ထွက်ခွာစေခဲ့တာပါ။ အဲ့ဒီအချိန်ကတည်းက ဒီဂီယာတစ်ယောက် အသင်းလက်မဲ့ဖြစ်ခဲ့ပြီး လက်ရှိနွေမှာသာ စိတ်တိုင်းကျတဲ့ ကမ်းလှမ်းမှု မရခဲ့ရင် ကစားသမားဘဝကနေ အနားယူသွားမှာပါ။
ဒီဂီယာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်က ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီဂီယာကတော့ ယူနိုက်တက်ကို သစ္စာရှိလိုတာကြောင့် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။
အဆိုပါ စပိန်လက်ရွေးစင် ဂိုးသမားဟောင်းကို ခေါ်ယူဖို့အတွက် ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေသလို အီတလီကလပ်အသင်းတစ်သင်းကလည်း စိတ်ဝင်စားနေပါသေးတယ်။ ဒါပေမယ့်လည်း ဒီဂီယာကတော့ ဒီကမ်းလှမ်းမှုတွေကို စိတ်မဝင်စားဘဲ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကိုသာ မျှော်လင့်နေတာ ဖြစ်ပါတယ်။