ဟော့ဂျ်လန်းတယောက် အသင်းရလဒ်ဆိုးတိုင်း ပရိသတ်တွေကို တောင်းပန်နေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ ညက ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်အတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အတ္တလန္တာကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရဲ့ ဟော့ဂျ်လန်းက အာဆင်နယ်၊ ဘရိုက်တန်တို့နဲ့ပွဲတွေမှာ ဂိုးမရခဲ့ဘဲ ညကပွဲမှာ ပထမဆုံးဂိုး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဟော့ဂျ်လန်းက ညကပွဲမှာ အသင်းပေးလိုက်ရတဲ့ ပထမဂိုးက သူ့ရဲ့ အမှားကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး လူမှုကွန်ယက်ပေါ်ကနေ တောင်းပန်ခဲ့ပါတယ်။ ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက်မှာ သူ ဒီလိုမျိုး တောင်းပန်ပြောဆိုခဲ့တာ ၃ ကြိမ်မြောက်ဖြစ်ပြီး သူရရှိထားတဲ့ သွင်းဂိုးအရေအတွက် ၂ ကြိမ် ပိုများနေပြီဖြစ်ပါတယ်။ 

အာဆင်နယ်နဲ့ပွဲကို သူ လူစားဝင်ကစားခဲ့ပြီးနောက် အသင်းအရေးနိမ့်ခဲ့ချိန်မှာ "ဆိုးရွားတဲ့စတင်မှုပဲ၊ ကျနော်တောင်းပန်ပါတယ်" လို့ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီနောက် ဘရိုက်တန်နဲ့ပွဲအပြီးမှာလည်း "ကျနော်မောပန်းနေခဲ့တယ်၊ တောင်းပန်ပါတယ်" လို့ဆိုခဲ့ကာ မနေ့ညကပွဲအပြီးမှာတော့ "အဲဒါက ကျနော့်အမှားပါ၊ တောင်းပန်ပါတယ်" လို့ဆိုကာ အသင်းဂိုးပေးခဲ့ရတဲ့ ပုံနဲ့အတူ ရေးတင်ခဲ့တာပါ။ 

ဒါပေမယ့် ဒိန်းမတ်တိုက်စစ်မှူးကိုတော့ ယူနိုက်တက်ပရိသတ်တွေက အားပေးမှုတွေ လုပ်ခဲ့ကြပြီး သူ့ရဲ့ ခြေစွမ်းအပေါ် က​ျေနပ်တယ်လို့ ဆိုခဲ့ကြပါတယ်။ ဟော့ဂျ်လန်းကလည်း သူ ကစားခွင့်ရချိန်တိုင်းမှာ အင်တိုက်အားတိုက်ကစားနေခဲ့ပြီး ဂိုးသွင်းနိုင်ဖို့အတွက်ကို အမြဲတမ်းတက်ကြွနေခဲ့တာဖြစ်ပြီး ဒီပုံစံက မာရှယ်နဲ့ အရမ်းကွဲပြားတဲ့အတွက် ပရိသတ်တွေက သဘောကျနေကြတာ ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က