အာဆင်နယ်တို့ ၅-၃ နဲ့ ဘာစီလိုနာကို အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်ကတော့ ဘာစီလိုနာကို ခြေစမ်းပွဲမှာ ၅ ဂိုးအထိသွင်းပြီး အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဦးဆောင်ဂိုးတွေ ပေးခဲ့ရပေမယ့် နောက်ကလိုက်ချေပနိုင်ခဲ့ပြီး ပထမပိုင်းမှာ ၂-၂ ဖြစ်ခဲ့ကာ ဒုတိယပိုင်းမှာ ထရိုဆာ့ဒ်က ၂ဂိုး သွင်းခဲ့လို့ ပွဲကို ပြန်ဦးဆောင်နိုင်ခဲ့သလို ချေပဂိုးတဂိုးပြန်ပေးခဲ့ရပေမယ့် ချက်ချင်းပဲ ပြန်သွင်းနိုင်ခဲ့တာပါ။ 

ပထမပိုင်းမှာ နှစ်သင်းစလုံးက လူစုံတက်စုံပွဲထုတ်လာကြလို့ ကြည့်ကောင်းခဲ့ပြီး အကြိတ်အနယ်လည်းရှိခဲ့ပါတယ်။ ဒါပေကမယ့် အချိန်ကြာတာနဲ့အမျှ အာဆင်နယ်က ပိုကောင်းလာခဲ့ပြီး တိုက်စစ်ကို ပိုကစားနိုင်ခဲ့ကာ ဘာစီလိုနာကို ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်နိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးက အဖွင့်ဂိုးသွင်းတာကို ဆာကာက ချေပခဲ့ပြီး ရာဖင်ဟာက ထပ်ဦးဆောင်ပေးခဲ့တာကိုလည်း အာဆင်နယ်တို့ ပြန်လည်ချေပနိုင်ခဲ့လို့ ပထမပိုင်းက ၂-၂ ဖြစ်ခဲ့တာပါ။

ဆာကာသာ အခွင့်အရေးတွေ သေချာရင် အာဆင်နယ်တို့ ဒီထက်တောင်မှ ဂိုးရခဲ့မှာပါ။ ဘာကာကလည်း အပြောင်းအလဲတွေ လုပ်ပြီး ဒုတိယပိုင်းကို ရင်ဆိုင်လာခဲ့ပေမယ့် အာဆင်နယ်ကစားကွက်ကိုတော့ သူတို့တွေ မကျော်လွှားနိုင်ခဲ့ဘဲ နောက်ဆုံးမှာ ၅-၃ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဆာကာက အခွင့်အရေးတွေ လွဲခဲ့ပေမယ့် ဂိုးသွင်းနိုင်ခဲ့သလို ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ပြီး ဘာကာဘယ်ခြမ်းခံစစ်ကို အခက်တွေ့စေခဲ့ပါတယ်။



အာာဆင်နယ်ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ ကစားပုံကတော့ ပရိသတ်တွေ စိတ်ကျေနပ်စရာပါပဲ။ တဦးချင်းအရလည်း ကောင်းမွန်ခဲ့ပြီး ကိုင်ဟာဗက်ဇ်က ဂိုးထပ်ရခဲ့သလို ထရိုဆာ့ဒ်ကလည်း ခြေစွမ်းပြခဲ့လို့ ပြီးပြည့်စုံတဲ့ နိုင်ပွဲဖြစ်ခဲ့ကာ မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်မှုကနေ ပြန်ရုန်းထွက်ပြနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က