ပီယာ့စ်မော်ဂန်နဲ့ရော်နယ်ဒိုအကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။

ရော်နယ်ဒိုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ပီယာ့စ်မော်ဂန်က ယူနိုက်တက် ကစားသမားတွေဟာ ရော်နယ်ဒိုအပေါ် လေးစားမှုမရှိဘူးလို့ စွပ်စွဲပြီး ရော်နယ်ဒိုအနေနဲ့ အာဆင်နယ်ကို ပြောင်းလာသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိယူနိုက်တက် ကစားသမားတွေထဲမှာလည်း ရော်နယ်ဒိုကလွဲလို့ အခြားကစားသမားတွေက နိုင်လိုစိတ်မရှိဘူးလို့ စွပ်စွဲခံနေရပါတယ်။



ပီယာ့စ်မော်ဂန်ကလည်း “ကျနော်သာ အာဆင်နယ်နည်းပြဆိုရင် ဘာလုပ်မလဲ ခင်ဗျားသိလား။ ရော်နယ်ဒိုကိုခေါ်ပြီး အသင်းရဲ့တိုက်စစ်မှာ ထားလိုက်မှာပါ။ ကျနော် ရော်နယ်ဒိုနဲ့ ပြီးခဲ့တဲ့အပတ်က စကားပြောခဲ့ပြီး အာဆင်နယ်ကို လာဖို့ ပြောထားပါတယ်။ ကျနော် နောက်နေတာ မဟုတ်ပါဘူး။ သူသာ ယူနိုက်တက်မှာ ဆက်မနေဘူးဆိုရင် ကျနော် တကယ်ခေါ်ချင်တာပါ”

“ယူနိုက်တက်မှာရှိတဲ့ လူငယ်ကစားသမားတွေက ရော်နယ်ဒိုကို လေးစားမှုရှိတယ်လို့ ကျနော် မခံစားရပါဘူး။ အတ္တတွေ တော်တော်ကြီးနေကြပုံပါပဲ။ ခင်ဗျားတို့ကို အကြံပေးချင်တာက ရော်နယ်ဒိုဆီက အကြံဥာဏ်တွေကို ရယူသင့်တယ်ဆိုတာပါပဲ။ ခင်ဗျားတို့ ရော်နယ်ဒိုရဲ့ ဆယ်ပုံပုံတပုံလောက်ပဲ အလုပ်ကြိုးစားကြည့်”

“စွမ်းဆောင်ရည်တိုးတက်လာကြည့်။ ခင်ဗျားတို့က အခုလက်ရှိခင်ဗျားတို့ရဲ့ အနေအထားထက် အများကြီး ပိုမိုကောင်းမွန်နေမှာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ်ကို လာကစားဖို့ ပီယာ့စ်မော်ဂန်ရဲ့ ဖိတ်ကြားချက်ကို ရော်နယ်ဒို ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာကိုတော့ ပီယာ့စ်မော်ဂန်က မပြောကြားခဲ့ပါဘူး။

ပီယာ့စ်မော်ဂန်ဟာ အာဆင်နယ်ပရိသတ်တယောက်ဖြစ်ပြီး ယူနိုက်တက်နဲ့အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ ပထမအကျော့ ထိပ်တိုက်တွေ့တုန်းက အာဆင်နယ်ကို ဂိုးမသွင်းဖို့ ရော်နယ်ဒိုဆီ တောင်းဆိုခဲ့ဖူးတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ရော်နယ်ဒိုက နှစ်ဂိုးသွင်းခဲ့သလို ယူနိုက်တက်ကလည်း အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ 

Share

Loading Next Article...
က္က