ဗီလာနဲ့ပွဲအပြီးမှာ ရော်နယ်ဒိုကို တိုက်တွန်းနေကြတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုရင် ပီကေးလိုမျိုး အနားယူလိုက်ဖို့ ပရိသတ်တွေက တိုက်တွန်းနေကြပါတယ်။ မနေ့ညက ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ဗီလာနဲ့ပွဲမှာ ပွဲထွက်ခဲ့ပေမယ့် အသင်းကတော့ ၃-၁ ဂိုးနဲ့သာ အရေးနိမ့်ခဲ့ပါတယ်။



ဒီပွဲမှာ ရော်နယ်ဒိုက ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာလည်း ပြိုင်ဘက်နောက်ခံလူ တိုင်ရွန်မင့်စ်နဲ့ အချင်းများခဲ့တာကြောင့် အဝါကတ်ထိခဲ့ပါသေးတယ်။ ရော်နယ်ဒိုရဲ့အနေအထားအပေါ် ပရိသတ်တွေကလည်း ဝေဖန်နေကြပြီး ဒီကစားသမားကြီး တန်ဟက်ခ်ရဲ့အသင်းအတွက် ပွဲထွက်ကစားတိုင်း ပရီးမီးယားလိဂ်မှာ ဂိုးရဖို့ ရုန်းကန်နေရတာကို ထောက်ပြနေကြပါတယ်။

ဗီလာနဲ့ပွဲအပြီးမှာတော့ ပရိသတ်တွေက “ရော်နယ်ဒိုအနေနဲ့ သူဖန်တီးခဲ့တဲ့ အမွေအနှစ်တွေကို လေးစားသင့်ပြီး ပီကေးလိုမျိုး အနားယူသင့်ပါပြီ” “ရော်နယ်ဒိုက ပီကေး စနေနေ့က လုပ်သွားသလိုမျိုး အနားယူသင့်ပါတယ်” “ရော်နယ်ဒိုသာ ယူနိုက်တက်ကို ချစ်မြတ်နိုးတယ်ဆိုရင် သူချက်ချင်း အနားယူသင့်ပါတယ်” “ရော်နယ်ဒိုက လုံးဝကို ပြီးသွားပါပြီ။ သူ ပီကေးလမ်းစဥ်အတိုင်း အနားယူသင့်ပါတယ်” လို့ ဝေဖန်ရေးသားခဲ့ကြပါတယ်။

ဘာစီလိုနာနဲ့ စပိန်ဂန္တဝင်နောက်ခံလူဟောင်းကြီး ပီကေးဟာ ပြီးခဲ့တဲ့စနေညက ကစားသမားဘဝအတွက် နောက်ဆုံးပွဲကို အယ်လ်မီရီယာနဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ ပီကေးဟာ အနားမယူခင်မှာ အခု ရော်နယ်ဒို ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုမျိုးတွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး အနားယူဖို့ကိုလည်း ရုတ်တရက်ကြေညာသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့အတူ စာချုပ်ကာလ နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေတာဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ အသင်းက ထွက်ခွာနိုင်ကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။ မနေ့ညက ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အန်တိုနီ၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ မပါဝင်နိုင်ခဲ့ဘဲ အသင်းကလည်း ကစားကွက်ပျက်ယွင်းခဲ့ကာ ပြိုင်ပွဲစုံ နောက်ဆုံး (၁၀) ပွဲမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က