ပြီးခဲ့တဲ့ရာသီမှာတောင် အသင်းအတွက် ခြေစွမ်းပြခဲ့ပါသေးတယ်။

ကတ်တလန်အခြေစိုက် သတင်းဌာနတစ်ခုက ကက်စ်မဲရိုးဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်နွေရာသီမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာက မှားယွင်းတယ်လို့ စဉ်းစားနေကြောင်း ဖော်ပြခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ ရီးရဲလ်မက်ဒရစ်ကနေ ယူနိုက်တက်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့တာပါ။



ယူနိုက်တက်တို့ ကက်စ်မဲရိုးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) အနည်းဆုံး ပေးချေခဲ့ရပါတယ်။ ကက်စ်မဲရိုးဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် အဓိကကွင်းလယ်လူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒါပေမယ့်လည်း သူ့ရဲ့ ကစားပုံကြောင့် ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်မှာ ပြသခံခဲ့ရတဲ့ အနီကတ်အရေအတွက်ထက် ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာ ပြသခံခဲ့ရတဲ့ အနီကတ်အရေအတွက်က ပိုမိုများပြားသွားခဲ့ပါတယ်။
ဒါ့အပြင် ဒီရာသီမှာ ကက်စ်မဲရိုးက သိသိသာသာ ခြေကျသွားခဲ့သလို အသင်းရဲ့ ကွင်းတွင်း၊ ကွင်းပြင် ဖြစ်ရပ်တွေကိုလည်း စိတ်ပျက်နေကြောင်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကွင်းတွင်း ခြေစွမ်းနဲ့ ရလဒ်ပိုင်း မတည်ငြိမ်သလို ကွင်းပြင်ပမှာလည်း အသင်းပိုင်ရှင် အပြောင်းအလဲတွေနဲ့ အရှုပ်အရှင်းရှိနေတာပါ။
အဲ့ဒါကြောင့်လည်း ကက်စ်မဲရိုးက ဒီလိုမျိုး မတည်ငြိမ်တဲ့ အသင်းတစ်သင်းကို ပြောင်းလာမိတဲ့အပေါ် မှားယွင်းတဲ့ဆုံးဖြတ်ချက်အဖြစ် စဉ်းစားနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ကက်စ်မဲရိုးရဲ့နေရာကို အစားထိုးဖို့အတွက် ဘင်ဖီကာ ကွင်းလယ်လူ ယာအိုနီဗက်စ်ကို ပစ်မှတ်ထားနေကြောင်းလည်း သိရှိရပါတယ်။

Share

Loading Next Article...
က္က