ဘိုတန်ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ပြီး ရှော်လ်ကေးကို ပြောင်းရွှေ့ခဲ့တာပါ။

လက်ရှိ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်မှာ ကစားနေတဲ့ ကီဗင်ပရင့်စ်ဘိုတန်က သူ့အနေနဲ့ လွန်ခဲ့တဲ့ (၈) နှစ်မှာ ယူနိုက်တက်အတွက် ကစားဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့ဖူးတယ်လို့ ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။ အချိန်ကတော့ (၂၀၁၃) ဖြစ်ပြီး အဲ့ဒီအချိန်မှာ ဘိုတန်က အေစီမီလန်ကနေ ရှော်လ်ကေးကို ပြောင်းရွှေ့သွားခဲ့တာပါ။



ဘိုတန်ဟာ စပါး၊ ပို့စ်မောက်၊ အေစီမီလန်၊ ဘာစီလိုနာတို့အပါအဝင် သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အသင်းပေါင်းများစွာ ပြောင်းရွှေ့ကစားခဲ့ဖူးပါတယ်။ (၂၀၁၃)၊ သြဂုတ်မှာ ဘိုတန်က ရှော်လ်ကေးကို ပြောင်းရွှေ့ကြေး ယူရို (၁၀) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး (၄) နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။

ဒါပေမယ့် (၂၀၁၅)၊ ဒီဇင်ဘာမှာ စာချုပ်ဖျက်သိမ်းခံခဲ့ရပြီး အေစီမီလန်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ရပါတယ်။ ရှော်လ်ကေးကို မပြောင်းခင် ယူနိုက်တက်ကို ငြင်းဆန်ခဲ့တာနဲ့ပတ်သက်လို့ ဘိုတန်က “ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ကျနော့်အတွက် အခွင့်အရေးရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဂျာမနီမြေကိုပဲ ရွေးချယ်လိုက်မိပါတယ်”

“ကျနော် ရှော်လ်ကေးမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ခင်ဗျားတို့ မျက်မြင်ပဲလေ။ (ဆိုးရွားတဲ့ အချိန်ကာလတွေကို ရည်ရွယ်သည်) ဒါပေမယ့် ကျနော်က ပိုမိုထူးချွန်လာခဲ့ပြီး အေစီမီလန်ကို ပြန်ရောက်ရှိချိန်မှာတော့ ကမ္ဘာကျော်ကြယ်ပွင့်တွေနဲ့ တွဲကစားခဲ့ရပြီး လူတိုင်းဆီက သင်ယူခွင့်ရရှိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘိုတန်ဟာ နောက်တစ်နှစ်မှာပဲ အေစီမီလန်က ထွက်ခွာခဲ့ရပြီး အဲ့ဒီအချိန်ကစလို့ လက်ရှိအချိန်ထိ ကြားကာလအတွင်းမှာ အသင်းပေါင်း (၈) သင်းအထိ ပြောင်းရွှေ့ကစားဖြစ်ခဲ့တာပါ။

လက်ရှိအချိန်မှာ အသက် (၃၄) နှစ်ရှိပြီဖြစ်တဲ့ ဘိုတန်ဟာ ကစားသမားဘဝမှာ အေစီမီလန်နဲ့ ဆုဖလား (၃) ကြိမ်၊ ဖရ့န်ဖတ်၊ ဘာစီလိုနာတို့နဲ့အတူ ဆုဖလား (၁) ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က