ရော်နယ်ဒိုက ယူနိုက်တက်ကိုစွန့်ခွာဖို့ ဆန္ဒရှိနေဆဲပါ။

အာဆင်နယ်နဲ့ပြင်သစ်ကစားသမားဟောင်း ဆမ်မီနာဆရီက ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို မာဆေးလ်ထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုဟာ လီဗာပူးနဲ့ ကစားခဲ့တဲ့ပွဲမှာ အရံခုံသာ ထိုင်ခဲ့ရပြီး ပွဲပြီးခါနီးမှသာ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။



ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားခွင့်ရရှိလိုတာကြောင့် ယူနိုက်တက်ကို စွန့်ခွာလိုနေပေမယ့် သူ့ကိုခေါ်ယူလိုတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းကလည်း မရှိဘူးလို့ ဆိုရမလိုဖြစ်နေတာပါ။ ဒီအချိန်မှာ နာဆရီက ရော်နယ်ဒိုကို မာဆေးလ်မှာ သွားကစားဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ နာဆရီက “ကျနော့်မှာ ရော်နယ်ဒိုအတွက် ဖြေရှင်းနည်းရှိပါတယ်”

“ရော်နယ်ဒိုက သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းနိုင်တယ်လေ။ ပြီးရင် ယူနိုက်တက်က သူ့ကို နှစ်တဝက်စာပေးလိုက်။ ဒါဆို မာဆေးလ်ကလည်း ရော်နယ်ဒိုကို လစာပေးနိုင်လိမ့်မယ်။ တခုခုလုပ်ပေးနိုင်မှာပေါ့။ ဒါဆို ရော်နယ်ဒိုလည်း ချန်ပီယံလိဂ်ကစားခွင့်ရမှာပါ။ ရော်နယ်ဒို-ဆန်းချက်ဇ်အတွဲကိုကြည့်ရတာ တကယ်မိုက်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့လုပ်ခပမာဏက သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေအတွက် အခက်အခဲဖြစ်စေတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဘက်ကတော့ ချန်ပီယံလိဂ်သာ ကစားခွင့်ရရှိမယ်ဆိုရင် သူ့ရဲ့လစာကို လျှော့ယူသွားဖို့အတွက်လည်း ပြဿနာတစုံတရာမရှိကြောင်း အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကို အသိပေးထားပါတယ်။ ဒါပေမယ့် မာဆေးလ်ဘက်မှာ ရော်နယ်ဒိုကို ခေါ်ယူဖို့ လက်တွေ့မှာ ပြဿနာရှိနေပါတယ်။

မာဆေးလ်ဟာ ဝင်ငွေ၊ ထွက်ငွေ မမျှတတဲ့ပြဿနာကြောင့် ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးမျှခြေစည်းကမ်းတွေအရ အရေးယူခံရနိုင်ခြေရှိပါတယ်။ ယူအီးအက်ဖ်အေကလည်း ဒီအကြောင်းနဲ့ပတ်သက်လို့ အသင်းထံ တရားဝင် အသိပေးထားပြီး မာဆေးလ်နဲ့အတူ နောက်ထပ် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီကလည်း ယူအီးအက်ဖ်အေရဲ့ အရေးယူခြင်းကိုခံရမယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က