ဘရူနိုင်းဘုရင်ရဲ့ တူဖြစ်တာကြောင့် ဘာအလုပ်မှမလုပ်ဘဲ အေးအေးဆေးဆေး ထိုင်စားနေလို့ရသူဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ၂ ဦးပေါင်း ပိုင်ဆိုင်မှုထက် ပိုမိုများပြားတဲ့ ချဲလ်ဆီးလူငယ်ကြယ်ပွင့်ဟောင်း ဖာအစ် ဘိုကီရာက ၎င်းရဲ့ အပြောင်းအရွှေ့ နောင်တကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

ဘိုကီရာဟာ ဘရူနိုင်းတော်ဝင်မိသားစုဝင်ဖြစ်တာကြောင့် ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုရှိသူဖြစ်ပြီး စပိန်သတင်းဌာန Marca ရဲ့ ဖော်ပြချက်အရ ပိုင်ဆိုင်မှု ခန့်မှန်းခြေ ပေါင် ၁၆ ဘီလီယံရှိတယ်လို့ သိရပါတယ်။ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ဝင်ငွေ ရရှိနေတဲ့ ကစားသမားတွေဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က ပေါင် ၅၁၁ သန်း၊ ပေါ်တူဂီကြယ်ပွင့်က ပေါင် ၄၁၂ သန်းအထိ ချမ်းသာကြွယ်ဝကြတယ်လို့ The Express က ဖော်ပြခဲ့ပါတယ်။

 

ဘိုကီရာဟာ လက်ရှိမှာ ပေါင် ၆ ဘီလီယံဝန်းကျင်နဲ့ ဂလေဇာမိသားစုက စျေးခေါ်ထားတဲ့ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီး မန်ချက်စတာယူနိုက်တက်ကိုတောင် အလွယ်တကူ ဝယ်ယူနိုင်တဲ့ ငွေကြေးအင်အားမျိုး ရှိသူဖြစ်ပြီး ဘရူနိုင်းဘုရင်ရဲ့ တူဖြစ်တာကြောင့် ဘာအလုပ်မှမလုပ်ဘဲ အေးအေးဆေးဆေး ထိုင်စားနေလို့ရသူဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ဘိုကီရာဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ချင်တဲ့ ၎င်းရဲ့ အိပ်မက်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသက် ၁၂ နှစ်သားအရွယ်မှာ ဆောက်သမ်တန်အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ဘိုကီရာဟာ ရက်ဒင်းအသင်းကို ကာလတို သွားကစားခဲ့ပြီး အာဆင်နယ်အသင်းနဲ့ အစမ်းလေ့ကျင့်ရေး ဆင်းခဲ့ပြီးနောက် အဆုံးမှာတော့ ၂၀၁၄ ခုနှစ်မှာ ချဲလ်ဆီးအသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

 

စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိနေခဲ့တဲ့ကာလအတွင်းမှာ ဘိုကီရာဟာ အရန်အသင်းအတွက် အဓိကကစားပေးခဲ့ရတာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့တာ​ ဖြစ်ပါတယ်။

 

လက်စတာစီးတီးအသင်းမှာ ပထမအသင်းထဲ ဝင်တိုးနိုင်ခြင်းမရှိခဲ့တဲ့နောက် အင်္ဂလန်ကို စွန့်ခွာပြီး ပေါ်တူဂီကလပ်အသင်းဖြစ်တဲ့ မာရီတီမိုအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အဲဒါအပြောင်းအရွှေ့က နောင်တရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းမှာ ဘိုကီရာက “မာရီတီမိုက ကျွန်​တော့်ကို မင်း ဒီကို လာရင် ကစားရမယ်လို့ ပြောခဲ့တယ်။ အဲဒီတော့ ကျွန်တော်လည်း ကျွန်တော်ဒီမှာ တစ်နှစ်လောက် ရှိနေချင်တယ်။ ကျွန်တော့်အတွက် အဓိကက ကစားရဖို့ပဲလို့ ပြောခဲ့တယ်။ အဲဒီလို မဖြစ်ခဲ့တာ သိသာပါတယ်။ ကျွန်တော် အဲဒီကို ပြောင်းမိတာ လုံးဝ နောင်တရပါတယ်။ အပြောင်းအရွှေ့က နိုင်ငံရေးတွေလည်း ပါခဲ့မယ်လို့ ခံစားရပါတယ်။ မာရီတီမိုက ကျွန်တော့်ကို ဘာကြောင့်လိုချင်ခဲ့တာလဲ။ သူတို့တွေက အပြည့်အဝ ရိုးသားမှု မရှိခဲ့ဘူးလို့ ကျွန်တော် ခံစားရတယ်။ အဲဒါက ကျွန်တော့်ကို ပိုပြီး သန်မာလာစေခဲ့တာ ကျိန်းသေပါတယ်။ ကျွန်တော့်ကို ပိုပြီး အလုပ်ကြိုးစားလာအောင်နဲ့ ကျွန်တော့်ကို နှိမ့်ချတတ်စေခဲ့တယ်။ ဒါကတော့ မပြောင်းလဲခဲ့တာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော် အသင်းကို စွန့်ခွာဖို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာတော့ ကျိန်းသေတယ်။ ကျွန်တော် အဲဒီမှာ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိခဲ့တယ်။ သူတို့တွေ အဲဒီအချိန်မှာ ဥက္ကဌအပြောင်းအလဲဖြစ်တယ်။ ကျွန်တော် အဲဒီကို သွားခဲ့ပြီး သူတို့တွေက ကျွန်တော့်အခြေအနေကို နားလည်တယ်။ အဲဒီမှာ ဆက်ရှိနေရင် ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ ဘာမှ ကောင်းကျိုးမရှိဘူးဆိုတာ နားလည်ကြတယ်”လို့ ပြောကြားခဲ့ပါတယ်။

 

လက်ရှိအချိန်မှာတော့ ဘိုကီရာဟာ ထိုင်းကလပ်အသင်းဖြစ်တဲ့ ချောင်ဘူရီအသင်းမှာ ကစားနေပြီး ကြီးမားတဲ့ လိဂ်တွေမှာ ကစားဖို့ မျှော်လင့်ချက်ကိုတော့ လက်မလျှော့သေးတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က