ဒီနေ့မှာ သူ့ရဲ့ တွစ်တာအကောင့်ကနေ ရေးသားပြောဆိုခဲ့တာပါ။

ကမ္ဘာ့အချမ်းသာဆုံးသူဌေးလို့ လူသိများတဲ့ အီလွန်မက်စ်က မန်ချက်စတာယူနိုက်တက်ကို သူ ဝယ်ယူမယ်လို့ သူ့ရဲ့ တွစ်တာအကောင့်ကနေတဆင့် ရေးသားပြောဆိုလိုက်ပါတယ်။ အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ CEO က ဒီနေ့မှာ ရေးသားပြောဆိုခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ အီလွန်မက်စ်ကို အမှန်တကယ်ဝယ်ယူဖို့အတွက် တိုက်တွန်းနေကြပါတယ်။ 

လက်ရှိအသင်းပိုင်ရှင်ဂလေဇာမိသားစုကို မကျေမနပ်ဖြစ်နေတဲ့ ယူနိုက်တက်ပရိသတ်တွေက အီလွန်မက်စ်ကို ကြိုဆိုနေကြပါပြီ။ တခုစဉ်းစားစရာရှိတာကတော့ အီလွန်မက်စ်ရဲ့ တွစ်တာပေါ်က သူရေးသားခဲ့မှုတွေရဲ့ မှတ်တမ်းပါ။ အီလွန်မက်စ်က မကြာခဏဆိုသလို သူ စိတ်ကူးပေါက်ရာတွေကို ရေးသားပြောဆိုလေ့ရှိပြီး ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ်ဆိုကာ တကယ်တမ်းတော့ ဘာမှဖြစ်မလာဘဲ ဒီအတိုင်းအဆုံးသတ်ခဲ့တာတွေရှိခဲ့ပါတယ်။

အထင်ရှားဆုံးကတော့ တွစ်တာကို ဒေါ်လာဘီလျံပေါင်းများစွာပေးချေပြီး ဝယ်ယူဖို့အတွက် လုပ်ဆောင်ခဲ့ပြီး တကယ်အပြီးသတ်လုပ်ရတော့မယ့်အချိန်မှာ မဝယ်ယူတော့ဘူးဆိုပြီး ပြောဆိုခဲ့တာပါ။ ဒါကြောင့်လည်း လက်ရှိမှာ တွစ်တာရှယ်ယာရှင်တွေက အီလွန်မက်စ်ကို တရားစွဲဆိုမှုတွေပြုလုပ်ထားပြီး ဒီပြသနာကို ဖြေရှင်းနေရပါတယ်။ 

မက်စ်က "မန်ချက်စတာယူနိုက်ကို ကျနော်ဝယ်ယူမှာပါ" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဘာအကြောင်းပြချက်နဲ့ သူ ရေးသားခဲ့လဲမသိပေမယ့် ယူနိုက်တက်ကို ပရိသတ်တွေက အရင်တုန်းကလည်း သူတို့အသင်းကို ဝယ်ယူဖို့အတွက် အီလွန်မက်စ်ကို တောင်းဆိုခဲ့ဖူးကာ အခုအခါမှာတော့ သူ့ရဲ့ ရေးသားခဲ့မှုကြောင့် ပိုပြီးစိတ်လှုပ်ရှားစရာဖြစ်ခဲ့ရပါပြီ။ 

ပရိသတ်တဦးကတော့ "မက်ဂွိုင်းယားကို အင်္ဂါဂြိုလ်ဆီပို့ပေးပါ" လို့ တောင်းဆိုခဲ့ပြီး သူ့ရေးသားမှုကို တော်တော်များများက သဘောကျနေကြပါတယ်။ ယူနိုက်တက်မှာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေရတဲ့ မက်ဂွိုင်းယားက ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရသူဖြစ်ကာ အသင်းကိုဦးဆောင်နိုင်စွမ်းမရှိသူလို့လည်း သတ်မှတ်ခံထားရပါတယ်။ 

Share

Loading Next Article...
က္က